Connect with us

Africa & Middle East

အစ္စရေးတောင်ပိုင်းတွင် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရ

ဂါဇာဒေသရှိ ဗုံးကြဲတိုက်ခိုက်ခံရသော နေရာအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဂျေရုဆလင် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတောင်ပိုင်းဒေသကို မေလ ၂၉ ရက်နေ့က တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ဒဏ်ရာရသူများအား ဆေးရုံသို့ ကုသရန်ပို့ဆောင်ပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်က အခင်းဖြစ်ပွားသည့်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မေ ၂၉ ရက်တွင် ဂါဇာဒေသမှ အစ္စရေးတောင်ပိုင်းကို အမြောက်ကျည်၊ဒုံးကျည် စုစုပေါင်း ၇၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ၊အစ္စရေးစစ်တပ်က ၎င်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် လက်နက်ခဲယမ်းသိုလှောင်ခန်း၊ ညွှန်ကြားရေးစခန်းနှင့် ရေတပ် စစ်ရေးပစ်မှတ် စသည်တို့အပါအဝင် ဂါဇာဒေသရှိ စစ်စခန်း ၇ ခု ကို လေကြောင်းမှပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ပါလက်စတိုင်းအစ္စလာမ်မစ် ဟားမတ်စ်တို့၏ မြေအောက်လိုဏ်ခေါင်းတစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်၏ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ အစ္စရေးတောင်ပိုင်းတိုက်ခိုက်မှုကို မည်သည့်ပါလက်စတိုင်းအဖွဲ့ကမှ ဝန်ခံပြောဆိုထားခြင်း မရှိသေးပေ။

ယခုရက်ပိုင်းများတွင် ဂါဇာဒေသရှိ ပါလက်စတိုင်းလက်နက်ကိုင် အဖွဲ့များနှင့် အစ္စရေးတို့အကြား အပြန်အလှန်စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.