Connect with us

Africa & Middle East

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဟားမတ်စ်ခေါင်းဆောင်နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဂျေရုဆလင် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တိုက်လေယာဉ်ဖြင့် ပါလက်စတိုင်း ဟားမတ်စ် အဖွဲခေါင်း Yahya Sinwar ၏ ဂါဇာဒေသတောင်ပိုင်း Khan Yunis မြို့ရှိနေအိမ်အား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ ရက်၌ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးနိုင်ငံစစ်ဘက်ဆိုင်ရာ၏ ထုတ်ပြန်ကြေညာချက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံ တိုက်လေယာဉ်များက ဂါဇာဒေသရှိ ဟားမတ်စ်စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ပေါင်း ၉၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ဗုံးကြဲတိုက်ခိုက်မှုတွင် ဟားမတ်စ် အဖွဲခေါင်း Yahya Sinwar နှင့် ၎င်း၏ ညီအစ်ကိုများ နေအိမ် နှင့် ဟားမတ်စ်အဖွဲ့ အဆင့်မြင့်အရာရှိများ၏ နေအိမ်များလည်း ပါဝင်ကြောင်း ၊ ထို့ပြင် မြေအောက်လှိုဏ်ခေါင်း ၃၀ ကျော် နှင့် လက်နက်သိုလှောင်သော နေရာ များစွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်များတွင် လက်ရှိချိန်ထိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုစာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။ ပါလက်စတိုင်းသတင်းမီဒီယာ၏ ဖော်ပြချက်အရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Yahya Sinwar နှင့် ၎င်း၏ ညီအစ်ကိုများ နေအိမ်မှာ မြေပုံအတိဖြစ်သွားကြောင်း နှင့်  ဗုံးကြဲတိုက်ခိုက်စဉ် Yahya Sinwar နှင့် ၎င်း၏ ညီအစ်ကိုများသည် နေအိမ်တွင် ရှိမနေကြောင်း သိရသည်။

Yahya Sinwar သည် ၁၉၆၂ နှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၇ ခုနှစ်၌ ဟားမတ်စ် ဂါဇာဒေသ၏ ခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရကာ အစ္စရေးနိုင်ငံ၏ ရှင်းလင်းရမည့် လူစာရင်းထဲတွင် ပါဝင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အစ္စရေး နှင့် ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့အကြား ပဋိပက္ခသည် အဆက်မပြတ်မြင့်တက်လာခဲ့ရာ လက်ရှိချိန်တွင် အစ္စရေးနိုင်ငံ မှ ၁၀ ဦး သေဆုံးခဲ့ရပြီး ပါလက်စတိုင်းဘက်မှ ၁၄၅ ဦးသေဆုံးခဲ့ကြောင်း ၊ ယခုအကြိမ် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ အစ္စရေးနိုင်ငံ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့မှ အရာရှိများစွာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။  (Xinhua)

———————————————–

(Chinese Version)

(国际)以色列国防军空袭哈马斯领导人住宅

新华社耶路撒冷5月16日电(记者尚昊)以色列国防军16日说,以军战机空袭了巴勒斯坦伊斯兰抵抗运动(哈马斯)领导人叶海亚•辛瓦尔位于加沙地带南部城市汗尤尼斯的住宅。

以军在声明中说,过去24小时,以军战机空袭哈马斯等武装组织位于加沙地带的90余个军事目标,其中包括叶海亚•辛瓦尔及其兄弟穆罕默德•辛瓦尔位于汗尤尼斯的住宅、多名其他哈马斯高级官员住宅、30余个地下隧道、数十个武器生产储存地点等。

以色列媒体说,目前尚无与这次空袭有关的伤亡情况。另据巴勒斯坦媒体报道,叶海亚•辛瓦尔及其兄弟的两栋私宅被夷为平地,但空袭时叶海亚•辛瓦尔及其兄弟不在家中。

叶海亚•辛瓦尔1962年出生,2017年当选为哈马斯加沙地带领导人,被以色列列入定点清除名单。

以色列与加沙地带武装之间的严重冲突仍在持续,目前冲突已致以方10人死亡、巴方145人死亡。自本轮冲突爆发以来,以方空袭已致哈马斯多名高官死亡。(参与记者:熊思浩)(完)

 

Photo

5月15日,加沙地带一栋多家媒体所在大楼被以军空袭后冒出浓烟。(新华社发,里泽克•阿卜杜勒•贾瓦德摄)