Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် က ဂါဇာကမ်းမြောင် ဒေသတွင် တိုက်ခိုက်မှု ကို တိုးချဲ့သွားမည် ဖြစ်ကြောင်း သတိပေး

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ဂါဇာကမ်းမြောင် ဒေသ တွင် အစ္စရေး နိုင်ငံ အား တိုက်ခိုက်သည့် ဆောင်ရွက်မှုများ ဆက်လက် တည်ရှိနေပါက အစ္စရေး နိုင်ငံ အနေဖြင့် စစ်ရေးဆောင်ရွက်မှုများ ကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်။

Benjamin Netanyahu က အစ္စရေး နိုင်ငံ အား ရည်ရွယ်၍ ပြုလုပ်သည့် မည်သည့် တိုက်ခိုက်မှု မဆို ခိုင်မာစွာ ပြန်လည် တုန့်ပြန်သွားမည် ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် တစ်ပတ်တွင် ဖြစ်ပွား ခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုမျိုးကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ၊ Hamas နှင့် အခြား အဖွဲ့အစည်း များသည် ဂါဇာ ကမ်းမြောင် ဒေသ အား ယမ်းအိုးတစ်ခု တစ်ဖွယ် ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ကလည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ဂါဇာကမ်းမြောင် ဒေသတွင် တိုက်ခိုက်မှု ကို တိုးချဲ့သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

ယခုလ ၁၇ ရက်နေ့ နှင့် ၁၉ ရက်နေ့ တို့တွင် အစ္စရေး နိုင်ငံ တပ်ဖွဲ့ က ဂါဇာကမ်းမြောင် ဒေသ အတွင်းရှိ Hamas တပ်ဖွဲ့ ၏ တပ်စခန်း အများ ကို တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်မှုများသည် Hamas တပ်ဖွဲ့ ၏ အစ္စရေး နိုင်ငံ အပေါ် တိုက်ခိုက်မှုများအား တုန့်ပြန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့၌ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုစလင် အား အစ္စရေး နိုင်ငံ မြို့တော် အဖြစ် သတ်မှတ် လိုက်ပြီးနောက်တွင် ပါလက်စတိုင်း နိုင်ငံ ၏ ပြင်းထန်သည့် ကန့်ကွက်မှု ကို ခံခဲ့ရပြီး Hamas တပ်ဖွဲ့ ကလည်း အစ္စရေး နိုင်ငံ နေရာ အများအပြား သို့ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကာ နှစ်နိုင်ငံ ဒေသတွင်း အခြေအနေ မှာ လွန်စွာ တင်းမာ လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.