Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၂ ဦး သေဆုံး

ဂါဇာ ဒေသတွင် ဆန္ဒပြ နေကြသည့် ပါလက်စတိုင်း လူမျိုးများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဂါဇာ ဒေသ နယ်စပ် တွင် သြဂုတ်လ ၁၀ ရက် ၌ ပါလက်စတိုင်း လူမျိုး ထောင်နှင့်ချီ၍ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၂ ဦး သေဆုံးခဲ့သည့်အနက် တစ်ဦး မှာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ပါလက်စတိုင်း ကျန်းမာရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က တိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း လူမျိုး ၃၀၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၂၆ ဦး မှာ ကလေးသူငယ်များ ၊ ၂ ဦး မှာ သတင်းထောက် နှင့် ၅ ဦး မှာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။

သြဂုတ်လ ၁၀ ရက် ၌ ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှု တွင် ထောင်နှင့်ချီသော ပါလက်စတိုင်း လူမျိုးများ က ဂါဇာ နှင့် အစ္စရေး ထိစပ်နေသည့် နယ်စပ် ဒေသတွင် ဆန္ဒပြမှု ပြလုပ်ခဲ့ကြသည်။ ဆန္ဒပြသူ အချို့ က ကားတာယာ များအား မီးရှို့ခြင်း ၊ ခဲ နှင့် လောင်စာ ပုလင်းများဖြင့် အစ္စရေး ဖက် သို့ ပစ်ပေါက်ခြင်း စသည် တို့ကို ပြုလုပ် ခဲ့ကြသည်။ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဆန္ဒပြ သည့် လူအုပ် အတွင်း သို့ မျက်ရည်ယို ဗုံးများ ပစ်လွှတ် ခဲ့ပြီး သေနတ် ဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.