Africa & Middle East
အစ္စရေး အာကာသယာဉ် လကမ္ဘာသို့ဆင်းသက်စဉ် အတွင်း ပျက်ကျ

ဂျေရုစလမ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
အစ္စရေး အာကာသယာဉ် တစ်ဦးသည် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် လကမ္ဘာပေါ်သို့ဆင်းသက်စဉ် အတွင်း ယာဉ်၏ အဓိက အင်ဂျင်မှာ ချို့ယွင်းမှု ဖြစ်ပွားကာ ပျက်ကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ Beresheet အမည်ရှိ အာကာသယာဉ်သည် လကမ္ဘာပေါ်သို့ဆင်းသက်နိုင်ခဲ့မည် ဆိုပါက အမေရိကန် ၊ ရုရှား နှင့် တရုတ် နိုင်ငံ ပြီးနောက် အစ္စရေးက စတုတ္ထမြောက် လကမ္ဘာသို့ဆင်းသက်နိုင်သည့် နိုင်ငံ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း သိရသည်။
သို့သော် အစ္စရေး နိုင်ငံက လကမ္ဘာသို့ရောက်ရှိသည့် သတ္တမမြောက် နိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကုန်ကျခဲ့သော အဆိုပါ ခရီးစဉ်က အစ္စရေး၏ ပထမဆုံး လကမ္ဘာ ခရီးစဉ်လည်း ဖြစ်ခဲ့ကြောင်း သိရသည်။
လကမ္ဘာသို့အကြိမ်ကြိမ် ဆင်းသက်ခဲ့ပြီး ဖြစ်သော အခြား သုံးနိုင်ငံ နှင့် နှိုင်းယှဉ်ပါက အစ္စရေး၏ လကမ္ဘာ ခရီးစဉ် စီမံကိန်းက ကုန်ကျစရိတ် နည်းပါးသော စီမံကိန်း တစ်ခု ဖြစ်ခဲ့ပြီး ယင်းကလည်း စီမံကိန်း မအောင်မြင်ရမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မည်ဟု ဆိုနိုင်သည်။
အစ္စရေး သမ္မတ Reuven Rivlin က အာကာသ သိပ္ပံအား စိတ်ဝင်စားသော ပြည်သူများ နှင့် အတူ အဆိုပါ အာကာသယာဉ် ဆင်းသက်မှုအား တိုက်ရိုက် ထုတ်လွှင့်မှုကို Beit HaNasi ရှိ ၎င်း၏ အိမ်တော်တွင် ကြည့်ရှုခဲ့ကြောင်း သိရသည်။
အစ္စရေး သမ္မတက “ကျွန်တော်တို့စိတ်ပျက်မိပါတယ်။”ဟု ပြောကြားခဲ့ပြီး အာကာသယာဉ် တစ်စင်း လကမ္ဘာပေါ်သို့ဆင်းသက်ရန်မှာ ကြီးမားသည့် အရင်းအမြစ်များ လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ဆင်းသက်မှုအား ထိန်းချုပ်ခန်းမှ ကြည့်ရှုနေသော အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေး အနေဖြင့် လာမည့် နှစ်နှစ် သို့မဟုတ် သုံးနှစ် အတွင်း အောင်မြင်မှု ရရှိသည် အထိ ထပ်မံ ကြိုးစားမည်ဟု အလေးအနက် ပြောကြားခဲ့သည်။(Xinhua)