Connect with us

Africa & Middle East

အမေရိကန်-တူရကီ ကြားနေဇုန် သဘောတူညီချက်အား ဆီးရီးယား ပယ်ချ

ဂျော်ဒန်နိုင်ငံမှ ဆီးရီးယား ဒုက္ခသည်များ ပြန်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ကြားနေဇုန်တည်ထောင်ရန် အမေရိကန်-တူရကီသဘောတူညီချက်အား ဆီးရီးယား အစိုးရက ပယ်ချလိုက်သည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီအရ သိရသည်။

သြဂုတ်လ ၇ ရက်တွင် သဘောတူညီခဲ့သည့် အမေရိကန်-တူရကီ သဘောတူညီချက်က တပ်ဖွဲ့များဖြင့် ဝင်ရောက်ကျူးကျော်သိမ်းပိုက်ခြင်းကဲ့သို့ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ကုလသမဂ္ဂ ပဋိဉာဉ်အား ချိုးဖောက်ခြင်းလည်းဖြစ်ကြောင်း ဝန်ကြီးဌာန ကြေညာချက်က ဖော်ပြခဲ့သည်။

“ဒီသဘောတူညီချက်က ဆီးရီးယားနှင့်ပတ်သက်၍ ကျူးကျော်မှုတွင် အမေရိကန်နဲ့ တူရကီ၏ တွဲဖက်ဆောင်ရွက်မှုကို ဖော်ထုတ်ပြလိုက်ခြင်းဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)