Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ က ဆိုမာလီယာ နိုင်ငံ တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ရာ အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၃ ဦး သေဆုံး

ဆိုမာလီယာ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း ၏ ဒုတိယ အမြင့်ဆုံး ခေါင်းဆောင် က အစိုးရ ထံ လက်နက်ချခဲ့စဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ လေတပ် က ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၌် ဆိုမာလီယာ နိုင်ငံ တွင် Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦး ကို ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ အာဖရိက တိုက် စစ်ရေး ဌာနချုပ် ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထုတ်ပြန်ချက်တွင် ယခု အကြိမ် ဗုံးကြဲတိုက်ခိုက်မှုသည် ဆိုမာလီယာ နိုင်ငံ အစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဆိုမာလီယာ နိုင်ငံ တောင်ပိုင်း Middle Juba ပြည်နယ် Jilib မြို့ အနီးတစ်ဝိုက်ရှိ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ စာရင်းပြုစုချက်များအရ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အမေရိကန် တပ်ဖွဲ့အနေဖြင့် ဆက်လက်၍ အာဖရိက မဟာမိတ် တပ်ဖွဲ့ နှင့် ပူးပေါင်းကာ ဆိုမာလီယာ နိုင်ငံ ရှိ အကြမ်းဖက်သမားများ နှင့် ၎င်းတို့၏ လေ့ကျင့်ရေး စခန်းများ ကို တိုက်ခိုက်ချေမှုန်း သွားမည် ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

ဆိုမာလီယာ Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ကာ လတ်တလော နှစ်ပိုင်း တွင် ဆိုမာလီယာ နိုင်ငံ နှင့် အနီးပတ်ဝန်းကျင် နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.