Connect with us

Africa & Middle East

အမျိုးသားတစ်ဦးအား သေသည်အထိ ရိုက်နှက်မှုဖြင့် အီဂျစ်ရဲတပ်ဖွဲ့ဝင် ၃ဦးအား ထောင်ဒဏ်ချမှတ်

အီဂျစ် ရာဇဝတ်တရားရုံးတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ရာဇဝတ်တရားရုံတစ်ခုက အီဂျစ်နိုင်ငံ အထက်ပိုင်း Sohag ပြည်နယ် ရှိ ရဲစခန်းတစ်ခုအတွင်း ၂၀၁၆ခုနှစ်က အရပ်သားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်မှုဖြင့် ရဲတပ်ဖွဲ့ဝင် ၃ဦးကို ဖေဖော်ဝါရီ ၁၁ရက် က ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

တရားရုံးသည် Tahta ရဲစခန်း၏ စုံစမ်းစစ်ဆေးရေဌာနအကြီးအကဲ၊ ယင်းဌာန၏ ဒုတိယအကြီးအကဲ နှင့် Sohag မြောက်ပိုင်း စစ်ဆေးရေးဌာန အကြီးအကဲ တို့ကို ထောင်ဒဏ် ၃နှစ်စီအသီးသီး ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် Ahram အွန်လိုင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့သည်။

တရားရုံးသည် Sohag ပြည်နယ် ကျန်းမာရေးဌာန ဝန်ထမ်းတစ်ဦးကိုလည်း ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး သေဆုံးသူ၏ ဆေးမှတ်တမ်းအား အတုပြုလုပ်မှုဖြင့် ရာထူးမှ ၂နှစ် ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်အား အယူခံဝင်ခွင့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.