Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား

အယ်လ်ဂျီးရီးယားနိုင်ငံ ယာယီသမ္မတ အဗ္ဗဒဲလ်ကတ်ဒါ ဘန်ဆာလာအား ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဂျီးယားစ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ အဗ္ဗဒဲလ်ကတ်ဒါ ဘန်ဆာလာ (Abdelkader Bensalah) က စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဘန်ဆာလာက ရွေးကောက်ပွဲ ကျင်းပရန် သမ္မတအမိန့်အား လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် နိုင်ငံသားများအနေဖြင့် ဆန္ဒမဲပေးခြင်းတွင် ပါဝင်ကြရန် တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုချန်နယ်များ၌ တိုက်ရိုက်မိန့်ခွန်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် အယ်လ်ဂျီးရီးယားနိုင်ငံ၏ အသစ်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွက် စတင်ရာနေရာတစ်ခုဖြစ်ကြောင်း၊ တရားဥပဒေနှင့်အညီ လိုအပ်ချက်များအရ သမ္မတသစ်တစ်ဦးအတွက် အယ်လ်ဂျီးရီးယားနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရန် ဤရွေးကောက်ပွဲအား အောင်မြင်သော ရွေးကောက်ပွဲတစ်ခု ဖြစ်လာစေရန် လက်တွဲကာ ထိထိရောက်ရောက် လုပ်ဆောင်ကြရန် ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတ ရွေးကောက်ပွဲဆိုသည်မှာ တစ်ခုတည်းသော ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းမှုဖြစ်ကြောင်း ဘန်ဆာလာက ပြောခဲ့ပြီး “လွတ်လပ် မျှတသော ပွင့်လင်းမြင်သာမှုရှိသည့် သမ္မတ ရွေးကောက်ပွဲအတွက် လိုအပ်သော အခြေအနေများအားလုံးအတွက် တွေ့ဆုံခြင်း” ဟူသော ၎င်း၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.