Africa & Middle East
အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁ဦးသေ၊ ၁၁ဦး ဒဏ်ရာရရှိ
ကဘူးလ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်၏ လေ့ကျင့်ရေးစင်တာ တစ်ခု၏ အပြင်ဘက်တွင် နိုဝင်ဘာ ၂၈ ရက်က အသေခံကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗုံးဖောက်ခွဲသူ တစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Basir Mujahid က ကားဗုံးပေါက်ကွဲမှုသည် ရဲခရိုင် ၉၊ Pul-e-Charkhi ဧရိယာ ရှိ G4S လေ့ကျင့်ရေးစခန်းတစ်ခု အပြင်ဘက်တွင် ညနေ ၆း၃၀နာရီက ဖြစ်ပွားခဲ့ကြောင်း၊ ကားဗုံးဖောက်ခွဲသူ သေဆုံးခဲ့ပြီး အရပ်သား ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
နိုင်ငံခြားသား နည်းပြများမှ အာဖဂန်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးနေသည့် အဆိုပါ စင်တာအနီးရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
တာလီဘန်စစ်သွေးကြွများဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။
အာဖဂန်မြို့တော်သည် လွန်ခဲ့သော နှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)