Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ လူစုလူဝေးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံး

ကဘူးလ်တွင် ဖြစ်ပွားခဲ့သည့်အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူတစ်ဦးအား ဆေးကုသရန် ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmandပြည်နယ် Lashkar Gahမြို့ရှိ လူစုလူဝေးတစ်ခုတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အစိုးရအရာရှိတစ်ဦးက အောက်တိုဘာ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ သေခံဗုံးခွဲတိုက်ခိုက်မှုမှာ အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းက အမျိုးသားလွှတ်တော် အမတ်လောင်းတစ်ဦး၏ရုံးခန်းအပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားချိန်တွင် လူအများက လွှတ်တော်အမတ် ရွေးကောက်ပွဲ အတွက် စုဝေးနေချိန်ဖြစ်ကြောင်း Helmandပြည်နယ် ပြောရေးဆိုခွင့်ရှိသူ Omar Zwak က ပြောကြားခဲ့သည်။

ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပြီးဖြစ်ကြောင်း ၊ လူအချို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း Omar Zwak က ဆိုသည်။

ဒေသခံမီဒီယာများက သေဆုံးသူများတွင် အမျိုးသားလွှတ်တော်အမတ်လောင်း တစ်ဦးလည်း ပါဝင်ကြောင်း ရရှိသောသတင်းများကို ကိုးကားဖော်ပြထားသည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းကမျှ ကြေညာချက်ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ ရဲတပ်ဖွဲ့မှ စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အာဖဂန်တွင် ယခုလ ၂၀ ရက်နေ့မှစ၍ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ လွှတ်တော်အမတ်လောင်း ၂၅၀၀ ခန့် မှ ၂၄၉ ဦးအား ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိ အမျိုးသားလွှတ်တော်အမတ်များ၏ တာဝန်ထမ်းဆောင်ရန် သက်တမ်းမှာ ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးခဲ့ဲပြီဖြစ်သော်လည်း နိုင်ငံရေးပါတီများအကြား ပဋိပက္ခများ ဖြစ်ပွားခြင်း၊ ငွေကြေး မလုံလောက်ခြင်း၊ လုံခြုံရေးအခြေအနေ မငြိမ်မသက် ယိမ်းယိုင်နေခြင်းများကြောင့် လွှတ်တော် ရွေးကောက်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောရက်များတွင် အာဖဂန် တာလီဘန်များက ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လှုံ့ဆော်ထား ပြီး ရွေးကောက်ပွဲကာလတွင် ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်မည်ဟု ခြိမ်းခြောက်ထားရာ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန် အာဖဂန်လုံခြုံရေးဌာနက ယခုရက်ပိုင်းများတွင် လုံခြုံရေးအစီအမံ များကို နေရာအနှံတွင် တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.