Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ ရဲတပ်ဖွဲ့ဝင် တို့က လုံခြုံရေး ဆောင်ရွက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် Pol-e Alam မြို့တွင် မေလ ၃၀ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံး ခဲ့ပြီး အရပ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က ဗုံးခွဲ တိုက်ခိုက်မှု သည် မေလ ၃၀ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး Pol-e Alam မြို့ အမှတ် (၁) ရဲဌာန ၏ ရဲစခန်း တစ်ခု တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိ တစ်ဦး သေဆုံး ခဲ့ရပြီး ပတ်ဝန်းကျင် ရှိ အဆောက်အဦ များမှာလည်း ပျက်ဆီး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

Logar ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က တိုက်ခိုက်မှု ကို အနည်းဆုံး လူ ၃ ဦး တို့က ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး တစ်ဦး က ဗုံးဖောက်ခွဲစဉ် သေဆုံး ခဲ့ပြီး ကျန် ၂ ဦး က ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် ရဲတပ်ဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွားစဉ် သေဆုံး ခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ ဒေသတွင်း သတင်း မီဒီယာ များက ယခု ဗုံးခွဲ့ တိုက်ခိုက်မှု ကို တာလီဘန် အဖွဲ့အစည်း က ဆောင်ရွက် ခဲ့သည် ဟု ကြေညာထားကြောင်း ရေးသား ဖော်ပြ ခဲ့ကြသည်။

တာလီဘန် အဖွဲ့အစည်း က ယခု နှစ် ဧပြီလ ၂၅ ရက်နေ့ ၌ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် နိုင်ငံခြား တပ်ဖွဲ့ များအား နွေဦးတိုက်ခိုက်မှု အသစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး နောက်တွင် အာဖဂန်နစ္စတန် နိုင်ငံ ဒေသ အသီးသီး ၌ တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွား ခဲ့ကာ Logar ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.