Connect with us

Africa & Middle East

အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့ ရှိ နိုင်ငံတကာ သံရုံးများ တည်ရှိသည့် နေရာတွင် ပြင်းထန် သည့် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ၊ သေဆုံးဒဏ်ရာရရှိသူ စာရင်း မသိရှိရသေး

အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ် ရှိ ဆင်ဟွာ သတင်းဌာန ရုံးခန်း ၏ မှန်ပြတင်းများ ပေါက်ကွဲမှု ကြောင့် ကြေမွ သွားသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ၏ အမှတ် ၁၀ ရဲတပ်ဖွဲ့ တွင် မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရှိသူ အခြေအနေ ကို မသိရှိသေးဘဲ မီဒီယာ များ၏ ဖော်ပြချက်အရ ဗုံးပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူပေါင်း ၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အမှတ် ၁၀ ရဲတပ်ဖွဲ့ အနီးပတ်ဝန်းကျင်တွင် နိုင်ငံတကာ မှ သံရုံးအများအပြား ရှိပြီး အာဖဂန် နစ္စတန် နိုင်ငံ အစိုးရ ဌာန နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ရုံးခန်းများလည်း တည်ရှိသည်။ယခု အကြိမ် ပေါက်ကွဲမှု သည် အမှတ် ၁၀ ရဲတပ်ဖွဲ့ ၏ ယခု နှစ်အတွင်း ပထမ ဦးဆုံး အကြိမ် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး ထိုဒေသရှိ ဆင်ဟွာ သတင်းဌာန ၏ ကဘူးလ် ဌာနခွဲသည်လည်း ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်း ပထမ ထပ်နှင့် ဒုတိယ ထပ်ရှိ မှန်များ ကြေမွပျက်ဆီး ကာ နံရံများလည်း ပျက်ဆီး ခဲ့ရသည်။

အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်သက်သေ မှ ဆင်ဟွာ သတင်းထောက်အား ပြောကြားရာတွင် ပေါက်ကွဲမှု သည် လွန်စွာ ပြင်းထန်ပြီး ငလျင်ဖြစ်ပွား သကဲ့သို့ဖြစ်ကာ အဆောက်အဦများစွာ ၏ မှန်ပြတင်း များလည်း တုန်ခါမှု ကြောင့် ကြေမွ သွားခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန ကဘူးလ် ဌာနခွဲ မှ ထိပ်တန်း သတင်းထောက် တိုက်ဟဲ့ (Dai He) က ပေါက်ကွဲမှု သည် လွန်စွာ ပြင်းထန်ပြီး ဌာနခွဲတွင် သိသာစွာ တုန်ခါမှု ကို ခံစားခဲ့ရကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက်တွင် ဌာနခွဲရှိ ဝန်ထမ်းများ အခြေအနေ ကို လိုက်လံ စစ်ဆေးပြီးနောက်တွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကာ အချိန် နှင့် တပြေးညီ သတင်းပို့သမှု များ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် ဒေသတွင်း ရုပ်မြင်သံကြား တစ်ခု မှ သတင်းပေးပို့သူ၏ ပြောကြားချက်ဖြင့် ဖော်ပြခဲ့သည့် သတင်းတွင် ဗုံးပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်း မရှိဘဲ ရဲတပ်ဖွဲ့ မှ စုံစမ်း စစ်ဆေးမှု များ စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.