Connect with us

Africa & Middle East

အီရတ်မြို့တော် ဘဂ္ဂဒက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ဦးသေ၊ ၃၅ဦးဒဏ်ရာရရှိ

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့တွင် ယခင်က ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ မေ ၃၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့လယ်ခေါင်တွင် မေလ ၃၀ ရက် နံနက်ပိုင်းက ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးအထိသေဆုံးပြီး အခြားလူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန မှ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ သတင်းရင်းမြစ်က “ဘဂ္ဂဒက်မြို့လယ် က ရှူဟာဒါး လမ်းဆုံ အနီးမှာ ကားဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဆင်ဟွာသို့ ပြောကြားခဲ့သည်။

သတင်းရင်းမြစ်၏ ပြောကြားချက်အရ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ကားတစ်စီးသည် ဒေသစံတော်ချိန် နံနက် ၉း၀၀နာရီအကျော်လောက်တွင် ဘဂ္ဂဒက်မြို့အလယ်ပိုင်း တိုင်ဂရိစ်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသော အယ် ရှူဟာဒါး တံတားအနီးရှိ လူစည်ကားရာလမ်းဆုံ ကို ဖြတ်သန်းသွားစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ ကားများ၊ ဈေးဆိုင်အများအပြား နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအနက် ၃ဦးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန်သူများမှာ အရပ်သားများဖြစ်ကြကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း အလားတူတိုက်ခိုက်မှုမျိုးကို IS စစ်သွေးကြွအုပ်စု က လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ဘဂ္ဂဒက်မြို့လယ်ခေါင် ကာရာဒါရပ်ကွက် ရှိ ရေခဲမုန့်ဆိုင်တစ်ခုအနီးတွင် လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၇၅ဦး ဒဏ်ရာရရှိစေခဲ့သော IS စစ်သွေးကြွအုပ်စု ၏ အသေခံကားဗုံးဖောက်ခွဲမှုအပြီး နာရီပိုင်းအကြာတွင် ယင်းကဲ့သို့ ကားဗုံးတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.