Connect with us

Africa & Middle East

အာရပ်အဖွဲ့ချုပ်က ဆူဒန်စစ်ဖက်ကောင်စီ၏ အသွင်ကူးပြောင်းရေးလမ်းစဉ်ကိုထောက်ခံ

ဆူဒန်စစ်တပ်ကဧပြီလ ၁၁ ရက်က ဖြုတ်ချဖမ်းဆီးခဲ့သော သမ္မတဟောင်း အိုမာအယ်လ် ဘရှာ အားတွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

အာရပ်အဖွဲ့ချုပ်က ဧပြီလ ၁၄ ရက်တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ၌ ၎င်းအနေဖြင့်ဆူဒန် နိုင်ငံအတွင်းနိုင်ငံရေးအသွင်ပြောင်းလဲမှုတစ်ခုဆောင်ရွက်နိုင်ရန် ဆူဒန်အသွင်ပြောင်းလဲရေးဆိုင်ရာ စစ်ဖက်ကောင်စီ ကကြေညာခဲ့သော အရေးကြီးဆောင်ရွက်ရမည့်အဆင့်များကိုထောက်ခံပါကြောင်း ဖြင့်ဖေါ်ပြသွားခဲ့ကြောင်းသိရသည်။

အာရပ်အဖွဲ့ချုပ်က ဆူူဒန်ပြည်သူအားလုံး၏ လိုလားချက်နှင့်မျှော်လင့်ချက်များ ကိုဖြည့်ဆည်းပေးမည့် အမျိုးသားရေးသဘောတူညီချက်တစ်ရပ်ရရှိနိုင်ရန် ဆူဒန်အသွင်ပြောင်းလဲရေးဆိုင်ရာ စစ်ဖက်ကောင် စီနှင့် အရပ်ဖက်နှင့်နိုင်ငံရေးအဖွဲ့များ ၏အားထုတ်မှုများကို ထောက်ခံပါကြောင်း ဖြင့်လည်းပြောကြား သွားခဲ့သည်။

ထို့ပြင်အာရပ်အဖွဲ့ချုပ်က လိုလားတောင့်တနေကြသည့်နိုင်ငံရေးအသွင်ပြောင်းလဲမှုကိုရရှိနိုင်ရန်နည်း လမ်းဖြစ်သည့် တွေ့ဆုံညှိနှိုင်းမှုနည်းလမ်းကို ဆူဒန်နိုင်ငံရေးပါတီများကလက်ခံကျင့်သုံးသွားကြရန် အ တွက်တိုက်တွန်းပြောကြားခဲ့ကာ နိုင်ငံတကာအသိုက်အဝန်းကလည်းဆူဒန်နိုင်ငံ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် ထောက်ပံ့ကူညီကြရန်တောင်းဆိုခဲ့သည်။

ဆူဒန်စစ်တပ်က သုံးနှစ်ကြာပြီဖြစ်သည့် သမ္မတဟောင်း အိုမာအယ်လ်ဘရှာ၏ အုပ်ချုပ်မှုအားနိုင်ငံ အနှံ့ဆန္ဒပြမှုများ လေးလခန့်ဖြစ်ပွားခဲ့ ပြီးနောက် ဧပြီလ ၁၁ ရက်ကဖြုတ်ချ ဖမ်းဆီးခဲ့သည်။အသွင် ပြောင်းလဲရေးဆိုင်ရာ စစ်ဖက်ကောင်စီအကြီးအကဲ အဗ္ဗဒယ်လ်ဘာဟန် ကရုပ်မြင်သံကြားမှတဆင့် ဧပြီလ ၁၃ ရက်ကမိန့်ခွန်းပြောကြားရာတွင် အမျိုးသားသဘောတူညီချက်တစ်ရပ်အပေါ် အခြေခံ၍ အရပ်သားအစိုးရအဖွဲ့ကိုမကြာမီဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

(Xinhua)