Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် လက်နက်ကြီးတိုက်ခိုက်ခံရ ၊ လူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် လက်နက်ကြီးထိမှန်ပျက်စီးခဲ့သော အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ် အလက်ပိုမြို့ကို ဧပြီ ၁၄ ရက်က အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလက်ပိုပြည်နယ် မြောက်ပိုင်းရှိ အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များက ဧပြီ ၁၄ ရက်တွင် အလက်ပိုမြို့ နိုင်းလ်လမ်းမကြီးနှင့် ဟလ်လိဒေးဒေသကို လက်နက်ကြီးများတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ၊လက်ရှိတွင် ဒဏ်ရာရသူများကို ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဒေသခံရဲဘက်ဆိုင်ရာ၏သတင်းများကို ကိုးကား၍ SANAသတင်းဌာနက ဖော်ပြထားသည်။

အချင်းဖြစ်ပွားသည့်နေ့တွင်ပင် အလက်ပိုမြို့ ဆူကာရာဒေသ၌ အကြမ်းဖက်များ မြုပ်ထားသည့် မိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို Daraa ပြည်နယ်တွင် အလုပ်သမား ၂ ဦးက ကားလမ်းနံဘေးတွင် သစ်ပင်စိုက်ရန် လုပ်ဆောင်နေစဉ် မိုင်းထိပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဆီးရီးယားအစိုးရက အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သော်လည်း အလက်ပိုပြည်နယ်၏ အနောက်ပိုင်းနှင့်မြောက်ပိုင်းကို အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်ထားဆဲဖြစ်ရာ နှစ်ဖက်အကြားအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)