Connect with us

Africa & Middle East

အီဂျစ်နိုင်ငံသမ္မတစီစီ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

အီဂျစ်နိုင်ငံသမ္မတ စီစီအားတွေ့ ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသမ္မတ ဖာတာအယ်လ်စီစီ(Fattah al-Sisi) သည် ဒုတိယသက်တမ်းအဖြစ် ၂ဝ၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရန် ဇွန်လ ၂ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း နိုင်ငံပိုင် Nile ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ခဲ့သည်။

အီဂျစ်နိုင်ငံလွှတ်တော်၌ ကျင်းပခဲ့သော ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတစီစီက “နိုင်ငံရဲ့ လွတ်လပ်ရေးကို ကာကွယ်ရန် နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို စောင့်ထိန်းရန် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဥပဒေကို လေးစားရန် ၊ နိုင်ငံအတွင်းစည်းလုံးညီညွတ်မှုရှိစေရန် နှင့် အီဂျစ်သမ္မတနိုင်ငံကို ကာကွယ်ရန် ဘုရားသခင်ထံ၌ သစ္စာပြုပါကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသမ္မတ စီစီ( ပထမတန်း-ဝဲ) နှင့် တာဝန်ရှိသူများ ကျမ်းကျိန်အခမ်းအနားသို့တက်ရောက်လာစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသမ္မတ စီစီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ စစ်ရေးပြနေသော အီဂျစ်လေတပ်အားတွေ့ရစဉ်(ဆင်ဟွာ)

“ ပိုပြီးတည်ငြိမ်မှုရှိတဲ့ အနာဂတ်တစ်ခုကို တက်လှမ်းနိုင်ဖို့အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သွားပါမယ်” ဟု သမ္မတက ကျမ်းသစ္စာပြုခဲ့သည်။

သမ္မတစီစီက ၎င်း၏ သမ္မတရာထူးပထမသက်တမ်းတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ခဲ့ကြောင်း လာမည့် ဒုတိယသက်တမ်းလေးနှစ်တာတွင် ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ အီဂျစ်လိုနိုင်ငံမျိုးကို ဦးဆောင်ခွင့်ရတာဟာ သိပ်ကို ကြီးမြတ်ပြီး အခက်အခဲတွေရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂ဝ၁၈ ခုနှစ်တွင်ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် စီစီသည် တစ်နိုင်ငံလုံးမဲရလဒ် ၉၇ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ၂ဝ၁၄ ခုနှစ်က သမ္မတရာထူးအတွက် ပထမဆုံးအကြိမ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။(Xinhua)