Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ မြို့တော်ရှိ ဘူတာရုံတွင် မီးလောင်မှုဖြစ်ပွား၊ လူ ၂၀ ဦးထက်မနည်း သေဆုံး


ကိုင်ရို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ အဓိက ဘူတာရုံအတွင်း၌ ဖေဖော်ဝါရီလ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Nile TV က သတင်းဖော်ပြထားသည်။

ရထားတစ်စင်းက လူသွားစြင်္က ံနှင့်တိုက်မိပြီးနောက် မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

ဘူတာရုံ၏ အဓိကအဆောက်အအုံမှ အမည်းရောင် မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို ရုပ်သံဓာတ်ပုံများ၌ တွေ့ရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဘူတာရုံတွင် ရထားမီးလောင်နေသည်ကို ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ကားနှင့် မီးသတ်ကား အများအပြား ရောက်ရှိခဲ့ကြောင်း သိရသည်။

လူသေအလောင်းများမှာ မီးလောင်ခံထားရကြောင်း ဆေးရုံရှိ မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ကိုင်ရိုမှ ရထား အစုန်၊ အဆန်ခရီးစဉ်များအား ဆိုင်းငံ့ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.