Connect with us

Africa & Middle East

အီရတ်တွင် အမေရိကန်စစ်သားတစ်ဦး သေဆုံးကြောင်း ပင်တဂွန်ပြောကြား

အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံတွင် အောက်တိုဘာ ၁ ရက်က ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အခြား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က အောက်တိုဘာ ၂ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ဖောက်ခွဲရေးပစ္စည်း ကြောင့် မဟာမိတ်တပ်ဖွဲ့၏ မော်တော်ယာဉ် ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

သေဆုံးသွားသည့် တပ်ဖွဲ့ဝင် ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

အီရတ်နိုင်ငံ မြောက်ပိုင်း တွင် သြဂုတ်၁၃ရက်က စစ်ဆင်ရေးများပြုလုပ်ရာ အမေရိကန်စစ်သား ၂ဦးသေဆုံးကာ အခြား ၅ဦးဒဏ်ရာရရှိပြီးနောက် အောက်တိုဘာ ၁ရက်နေ့ ဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၄ခုနှစ်မှစ၍ အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲများအတွင်း အနည်းဆုံး အမေရိကန်တပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့တွင် ပြင်သစ်၊ ဗြိတိန် နှင့် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အဓိကအားဖြင့် စစ်ဖြစ်ပွားနေသည့် အီရတ်နိုင်ငံအတွင်းရှိ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဟာမိတ်အဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.