Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား အစိုးရ တပ်ဖွဲ့ က အကြမ်းဖက် သမား ၅ ဦး ကို ပစ်ခတ်ရှင်းလင်း

အယ်လ်ဂျီးရီးယား နိုင်ငံ ဝန်ကြီးချုပ် Ahmed Ouyahia အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အယ်လ်ဂျီးယား ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အောက်တိုဘာ ၁ ရက်နေ့၌ အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုင်ငံ အရှေ့ပိုင်း Bejaia ပြည်နယ်တွင် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက် သမား ၅ ဦး ကို စစ်ဆင်ရေး အတွင်း ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က မြို့တော် အယ်လ်ဂျီးယား နှင့် ၂၅၀ ကီလိုမီတာ ကွာဝေးသည့် Bejaia ပြည်နယ် တောင်တန်းဒေသများ တွင် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်စဉ် အတွင်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်း မိခဲ့ကြောင်း ပါဝင် ခဲ့သည်။

သတင်းဖော်ပြချက်များ အရ ယင်း စစ်ဆင်ရေး သည် စက်တင်ဘာ လကုန်ပိုင်းတွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ တပ် အနေဖြင့် စစ်ဆင်ရေး ကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် အယ်လ်ဂျီးရီးယား နိုင်ငံ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှု သည် သိသာထင်းရှားစွာ ကျဆင်းလာခဲ့သော်လည်း အကြမ်းဖက် သမား အချို့သည် တောင်တန်း ဒေသများ တွင် ဆက်လက်လှုပ်ရှား နေဆဲ ဖြစ်သည်။ စက်တင်ဘာ ၂၅ ရက်နေ့၌ အယ်လ်ဂျီးရီးယား နိုင်ငံ ဝန်ကြီးချုပ် Ahmed Ouyahia က နိုင်ငံ အတွင်းရှိ အစွန်းရောက် အကြမ်းဖက်သမား များကို အစိုးရ ထံလာရောက် လက်နက်ချရန် တိုက်တွန်း ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.