Africa & Middle East
အီရတ်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃၃ ဦး အထိ သေဆုံး
ဘဂ္ဂဒက်၊ မေ ၂ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ Muthanna ပြည်နယ် မြို့တော် Samawa တွင် မေလ ၁ ရက်က ကားဗုံး နှစ်လုံး ပေါက်ကွဲခဲ့၍ လူ ၃၃ ဦး အထိ သေဆုံးပြီး အခြား ၆၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုများသည် နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ပြည်နယ်ဆိုင်ရာ အစိုးရရုံး ခြံဝန်း အနားရှိ ကားပါကင် တွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ကာ ဘဂ္ဂဒက်မြို့ တောင်ပိုင်း ကီလိုမီတာ ၂၇၀ အကွာ Samawa မြို့လယ်ခေါင်ရှိ al-Sharji ဒေသ ကားပါကင်၌ ကားဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သတင်း အရင်းအမြစ် တစ်ခုမှ သိရသည်။
အဆိုပါ ကားဗုံး ပေါက်ကွဲမှု များကြောင့် အနီးအနားရှိ ကားများစွာ မီးလောင်ကျွမ်းခဲ့ပြီး အဆောက်အဦး များလည်း ပျက်စီး ခဲ့ရကြောင်း သိရသည်။
IS စစ်သွေးကြွ အုပ်စု က အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသ များကို ထိန်းချုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် ကတည်းက စ၍ ယနေ့အထိ အီရတ်နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ (Xinhua)