Connect with us

Africa & Middle East

အီရတ် မြောက်ပိုင်းတွင် အမေရိကန် ဗုံးကျဲချ၍ အရပ်သား ၁၇ ဦး သေဆုံး

အမေရိကန် လေတပ်၏ ဗုံးကျဲခြင်း ခံရသည့် Tal Afar မြို့မီးလောင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ် ၊ မေ ၅ ရက် (ဆင်ဟွာ)

မေလ ၅ ရက် နံနက်စောပိုင်းတွင် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ Tal Afar မြို့ပေါ်သို့ အမေရိကန် လေတပ်မှ ဗုံးတစ်လုံး ကျဲချခဲ့ရာ အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံးသွားကြောင်း အယ်ဂျာဇီးယား ရုပ်သံလိုင်းက သတင်းဖော်ပြခဲ့သည်။

သေဆုံးသူများထဲတွင် အသက် ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း နှင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေးကြောင်း သတင်းက ဆိုသည်။ ထို့ပြင် အီရတ် အစိုးရထံမှလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
အီရတ်နိုင်ငံ၌ အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့သည် IS စစ်သွေးကြွများ အပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေရာ အရပ်သားများသည် အမေရိကန်တို့အတွက် ပစ်မှတ်အလွဲများ ဖြစ်နေရပြီလား ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz မြို့ရှိ ပြည်သူ့ဆေးရုံပေါ်သို့ အမေရိကန်လေတပ်က AC-130 ဗုံကျဲလေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် မှားယွင်းစွာ ဗုံးကျဲမှု ဖြစ်စဉ်များအနက် နောက်ဆုံးဖြစ်စဉ်ဟု ဆိုနိုင်သည်။ ၎င်းမှားယွင်းမှုကြောင့် အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်အဆင့် တစ်ဦးအပါအဝင် စစ်သား ၁၆ ဦးအား စစ်တပ် စည်းကမ်းများဖြင့် အရေးယူ အပြစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117