Connect with us

Africa & Middle East

အီရတ် တွင် ဗုံး၂လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၇ဦးအထိ မြင့်တက်လာ

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် ဇန်နဝါရီ ၁၅ရက် က ဗုံး၂လုံးပေါက်ကွဲခဲ့စဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မြို့ မြို့လယ်ခေါင်တွင် ဇန်နဝါရီ ၁၅ ရက်က ဗုံး၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၂၇ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၉၀ကျော်ရှိကြောင်း ဆေးကုသရေး သတင်းရင်းမြစ်တစ်ခု ကပြောကြားခဲ့သည်။

ဘဂ္ဂဒတ်မြို့ ကျန်းမာရေးဋ္ဌာန မှ သတင်းရင်းမြစ်က ပေါက်ကွဲမှုများကြောင့် လူ ၂၇ဦးသေဆုံးခဲ့ပြီး လူ ၉၀ကျော်ကို ဘဂ္ဂဒတ်မြို့ ရှိ ဆေးရုံများတွင် ဆေးကုသမှုပေးထားကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဘဂ္ဂဒတ်မြို့ အယ်တာယာရန်ရင်ပြင် အနီးရှိ လူထူထပ်သောနေရာတစ်ခု၌ ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းတွင် အလုပ်ရှင်များအား ဆောက်လုပ်ရေးအလုပ်သမားများက စောင့်ဆိုင်းနေစဉ် အသေခံဗုံးခွဲသမားတစ်ယောက် က ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

အခြားသော ပေါက်ကွဲမှုသည် အခင်းဖြစ်ပွားရာ၌ လမ်းဘေးတွင်ထောင်ထားသော ဗုံးမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစောပိုင်း၌ ပြည်ထဲရေးဝန်ကြီးဋ္ဌာန သတင်းရင်းမြစ်က လူ ၁၆ဦးသေဆုံးပြီး ၆၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မထုတ်ပြန်သေးသော်လည်း အီရတ်နိုင်ငံရှိ ဈေးများ၊ ကော်ဖီဆိုင်များ နှင့် ဗလီများကဲ့သို့ လူစည်ကားရာဧရိယာများကို ပစ်မှတ်ထား၍ IS စစ်သွေးကြွအဖွဲ့က အကြမ်းဖက်မှုများလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.