Connect with us

Africa & Middle East

အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် တွင် ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၃ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၆ ရက်နေ့ က အီရတ် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံး တိုက်ခိုက်မှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် ရှိ ရေခဲမုန့်ဆိုင် တစ်ဆိုင်ရှေ့တွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်၌ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်းဖော်ပြချက်များအရ ရေခဲမုန့်ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားတစ်စင်း ကို အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့ပြီး ဖော်ပြခဲ့သည့် ရုပ်သံများ အရ ပေါက်ကွဲမှု ဖြစ်ပွားစဉ်တွင် ဒဏ်ရာရရှိသူများစွာ မြေပြင်တွင် လဲကျခဲ့သည့် ကို တွေ့ရှိခဲ့ရသည်။

အခင်းဖြစ်ပွား ပြီးနောက်တွင် IS အစွန်းရောက် အဖွဲ့အစည်း မှ ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း ကိုကြေညာခဲ့သည်။

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့သည် ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ် မြို့၏ အနောက်ပိုင်းရှိ IS လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ IS တပ်ဖွဲ့ နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်နေစဉ် အတွင်း အီရတ် နိုင်ငံ မြို့နယ် အသီးသီး တွင် IS တပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး အစိုးရ တပ်ဖွဲ့၏ စစ်တပ် အင်အားချထားမှု ကို အားလျော့သွားရန် ဆောင်ရွက်ခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ က ဘဂ္ဂဒက် မြို့တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု တွင်လည်း အနည်းဆုံး ၄၅ ဦးသေဆုံးစေခဲ့ပြီး ၅၆ ဦး ဒဏ်ရာရရှိစေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.