Connect with us

Africa & Middle East

အီဂျစ်ခရစ်ယာန်များအသတ်ခံရမှုအတွက် လစ်ဗျားရှိ စစ်သွေးကြွစခန်းများကို လေကြောင်းစစ်ဆင်ခြင်းဖြင့် အီဂျစ် လက်စားချေ


ကိုင်ရို၊ မေ ၂၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မင်ရာပြည်နယ် တွင် သေနတ်သမားများ၏ ပစ်ခတ်မှု ကြောင့် ကော့ပ်တစ်ခရစ်ယာန် ဘာသာဝင် ၂၈ဦး သေဆုံးခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် မေလ ၂၆ရက်တွင် အီဂျစ်နိုင်ငံ လေတပ်သည် လစ်ဗျားနိုင်ငံ ဒါနာမြို့ရှိ စစ်သွေးကြွတို့၏ လေ့ကျင့်ရေးစခန်းများကို လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

နိုင်ငံပိုင်ရုပ်သံလိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အီဂျစ်တိုက်လေယာဉ်များ ထွက်ခွာသွားသည်ကို ထုတ်လွှင့်ပြသခဲ့သည်။

အီဂျစ်လေတပ်က စစ်သွေးကြွတို့၏ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် အီဂျစ်သမ္မတ အဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီ ကမိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မေလေ ၂၆ ရက် အစောပိုင်းတွင် အီဂျစ်သမ္မတ အဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီ က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အီဂျစ်လေတပ်သည် စစ်သွေးကြွတို့၏ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုပ်သံထုတ်လွှင့်မှုတစ်ခု၌ ပြောကြားခဲ့သည်။

သို့သော် စီစီက ၎င်း၏ ရုပ်သံမိန့်ခွန်း၌ လေကြောင်းတိုက်ခိုက်မှုကို မည်သည့်နေရာ (သို့) မည်သည့်နိုင်ငံရှိ စစ်သွေးကြွတို့၏ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်သွားမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ကိုင်ရိုမြို့တောင်ပိုင်း ၂၂၀ကီလိုမီတာ အကွာ မင်ရာပြည်နယ် ရှိ စိန့်ဆင်မြူရယ် ဘုရားရှိခိုးကျောင်းသို့ သွားရာ လမ်းမပေါ်၌ မေလ ၂၆ ရက်နံနက်ပိုင်းက အမည်မသိ သေနတ်သမား ၁၀ဦးသည် မော်တော်ယာဉ် ၃စီး ဖြင့် ခရစ်ယာန်ဘာသာဝင်များ လိုက်ပါလာသော ဘတ်စ်ကား ၂စီးကို ကြားဖြတ်တားဆီးပြီးနောက် သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ရာ လူ ၂၈ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.