Connect with us

Africa & Middle East

အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ပြည်တွင်း ထုတ်လုပ်သည့် တင့်ကား များအမြောက်အများ အသုံးပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အီရန် နိုင်ငံ ပြည်တွင်း ၌ ထုတ်လုပ်သည့် Karrar အမျိုးအစား တင့်ကား အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က အီရန် နိုင်ငံ ပြည်တွင်း တီထွင် ထုတ်လုပ်သည့် တင့်ကား အစင်းရေ ၇၀၀ မှ ၈၀၀ အထိ အသုံးပြုသွားမည် ဖြစ်ကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။

အီရန် နိုင်ငံ ဒုတိယ ကာကွယ်ရေး ဝန်ကြီး Mozaffari Nia က အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ လိုအပ်ချက် အရ လက်ရှိချိန်တွင် ပြည်တွင်း လုပ်ငန်း ကုမ္ပဏီ များ က နှစ်စဉ် တင့်ကား အစင်းရေ ၅၀ မှ ၆၀ အထိ ထုတ်လုပ်နိုင်ပြီး Karrar အမျိုးအစား တင့်ကား များလည်း ပါဝင်သည် ဟု ပြောကြား ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရှိရသည်။ သို့သော် အီရန် နိုင်ငံ ဒုတိယ ကာကွယ်ရေး ဝန်ကြီး အနေဖြင့် တင့်ကားများ မည်သည့် အချိန်တွင် တပ်ဖွဲ့ အတွင်း ၌ နေရာချထားမှု ဆောင်ရွက်နိုင်မည့် အချိန်နှင့် ပတ်သက်၍ မပြောကြား ခဲ့ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ အီရန် နိုင်ငံ ထုတ် Karrar အမျိုးအစား တင့်ကား သည် စွမ်းဆောင်ရည် လွန်စွာ ကောင်းမွန်သည့် တင့်ကား အမျိုးအစား တစ်မျိုးဖြစ်ပြီး နေ့ နှင့် ည အချိန်များတွင် ရွေ့လျား နေသည့် ပစ်မှတ်များကို တိကျစွာ ပစ်ခတ် နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.