Africa & Middle East
Boko Haram အစွန်းရောက် အဖွဲ့အစည်း က နိုင်ဂျီးရီးယား ရေနံ ရှာဖွေရေး အဖွဲ့ကို တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၅၀ ဦးကျော် သေဆုံး
အဘူဂျာ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
Boko Haram အစွန်းရောက် အဖွဲ့အစည်း က လတ်တလော ရက်ပိုင်းတွင် နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ်ရှိ နိုင်ဂျီးရီးယား နိုင်ငံ ရေနံကုမ္ပဏီ ၏ ရေနံ ရှာဖွေရေး အဖွဲ့ ကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၅၀ ဦးကျော် သေဆုံး ခဲ့ရကြောင်း သိရှိခဲ့ရသည်။
နိုင်ဂျီးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဇူလိုင်လ ၂၅ ရက်နေ့၌ Boko Haram အစွန်းရောက် အဖွဲ့အစည်း သည် နိုင်ဂျီးရီးယား စစ်တပ် နှင့် အရပ်ဘက် အဖွဲ့အစည်း တို့၏ ကာကွယ်မှု အောက်တွင် Borno ပြည်နယ်၌ ရေနံ ရှာဖွေရေး ဆောင်ရွက်နေသော နိုင်ဂျီးရီးယား ရေနံကုမ္ပဏီ မှ အဖွဲ့ဝင် များကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ဂျီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် ကယ်ဆယ်ရေး အဖွဲ့အစည်း ၏ သတင်းထုတ်ပြန်ချက်အရ ယခု ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုကြောင့် နိုင်ဂျီးရီးယား စစ်တပ် တပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရကြောင်း ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်လာသည် နှင့် အမျှ သေဆုံးသူ စာရင်း ပိုမို မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရှိခဲ့ရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ က အခင်းဖြစ်ပွားရာ ဒေသရှိ ရေနံတူးဖော်ရေး လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Boko Haram အစွန်းရောက် အဖွဲ့အစည်း တည်ထောင်ခဲ့သည့်မှာ အချိန် ၁၀ နှစ်ကျော် ရှိလာခဲ့ပြီး နိုင်ဂျီးရီးယား နှင့် အနီးတဝိုက်ရှိ နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု များ မကြာခဏ ဆောင်ရွက်ခဲ့သည်။ မီဒီယာများ ၏ စာရင်းပြုစုချက်အရ Boko Haram အစွန်းရောက် အဖွဲ့အစည်း ၏ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် လူပေါင်း အနည်းဆုံး ၂၀,၀၀၀ သေဆုံးခဲ့ရပြီး လူပေါင်း ၂.၆ သန်းကျော်က အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။(Xinhua)