Connect with us

Africa & Middle East

ဆီးရီးယား၌ အိုင်အက်စ်တို့ထိန်းချုပ်သောနေရာများအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ အရပ်သား ၄၃ ဦးသေဆုံး

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်တို့ ထိန်းချုပ်ထားသော မြို့ တစ်မြို့ အား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်စ် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်းရှိ အိုင်အက်စ်(IS) တို့ထိန်းချုပ်ထားရာ ဒေသများအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၄၃ ဦးသေဆုံးသွားကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၁၄ ဦးသေဆုံးသွားကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

နိုင်ငံအစွန်အဖျား Deir al-Zour ပြည်နယ်အတွင်းရှိ Mayadeen မြို့အား ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦး နှင့် အမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် စောင့်ကြည့်ရေးအုပ်စုက အဆိုပါလေကြောင်းတိုက်ခိုက်မှုကို အမေရိကန်နိုင်ငံ (သို့မဟုတ်) ရုရှားနိုင်ငံက ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရသူများ ပါဝင်သဖြင့် သေဆုံးသူ ဦးရေမှာ ဆက်လက်မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း ၎င်းအဖွဲ့ကဖြည့်စွက်ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆုံးဖြတ်နိုင်ခြင်းမရှိသော်လည်း တက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံပိုင် သတင်းမီဒီယာများက အရပ်သား ဆယ်ဦးသေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကို အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အိုင်အက်စ်တို့ထိန်းချုပ်ထားသည့် နိုင်ငံမြောက်ပိုင်း Raqqa မြို့၌ ဇူလိုင်လ ၂၆ ရက်က ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၂၉ ဦးသေဆုံးခဲ့ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.