ကဘူးလ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဇူလိုင် ၂၃ က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ အတွင်း ဗုံးပေါက်ကွဲခဲ့မှု ကြောင့် အနည်းဆုံး ၆၁ဦးသေဆုံးပြီး ၂၀၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဘာမာကို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မာလီနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသေး၍ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာထားမှုအား ဇူလိုင်လ ၂၀ ရက်တွင် နောက်ထပ် ၁၀ ရက် ထပ်မံ တိုးမြင့်ခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာန များက ဖော်ပြခဲ့သည်။
ဂါဇာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂါဇာ ကမ်းမြောင်ဒေသရှိ အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ တရားရုံးက ပါလက်စတိုင်း ငါးဦးအား အစ္စရေးနှင့် ပူးပေါင်းသည့် အတွက် သေဒဏ်ပေးရန် ဇူလိုင်လ ၁၉ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ စစ်တပ် အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ကြံစည်သူ ၁၀၄ ဦး၊ စစ်သား၊ ရဲနှင့် အရပ်သား ၉၀ ဦး သေဆုံးခဲ့ကာ စစ်တပ် အရာရှိ ၁၅၆၃ ဦး ထိန်းသိမ်းခံထားရကြောင်း တူရကီ ခေတ္တ စစ်ဦးစီး...
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်အထိ သမ္မတ Recep Tayyip Erdogan အစိုးရကပင် ဆက်လက် အာဏာရှိနေဆဲ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က ဇူလိုင်လ...
ဘီးရုဒ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ Kataeb Party ခေါင်းဆောင် Sami Gemayel က လာဘ်စားမှုနှင့် နှေးကွေးသော အစိုးရတွင် ပါဝင်နေခြင်းကြောင့် အစိုးရ အဖွဲ့မှ ၎င်း၏ ဝန်ကြီး နှစ်ဦးအား ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင်လ ၁၂ ရက်က...
ဂျာလာလာဘတ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) IS စစ်သွေးကြွအဖွဲ့အား သစ္စာခံထားသည့် ဒေသတွင်း အကြမ်းဖက် အဖွဲ့ ပုန်းအောင်းနေသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် Achine ဒေသရှိ ၎င်းတို့၏ ရေဒီယိုစခန်းအား ဇူလိုင်လ ၁၄ ရက်တွင် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်...
တီဟီရန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက အီရန်နိုင်ငံ၏ ဒုံးကျည် အစီအစဉ်သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေပြီး ယင်းအစီအစဉ်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း Press TV ကဖော်ပြခဲ့သည်။
ရာဘက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မော်ရိုကို အာဏာပိုင်များက ၎င်းတို့သည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Nador မြို့၌ မှောင်ခိုတင်ပို့မည့် ဆေးခြောက် ၁၃ တန်နီးပါးကို တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လူမျိုးစု ဒေသတစ်ခု၌ အဆင့်မြင့် နိုင်ငံရေးသမား ခေါင်းဆောင် တစ်ဦးအား အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံ သတ်ဖြတ်ခြင်း ခံရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိမျာက ဇူလိုင်လ ၁၂ ရက် တွင် ပြောကြားခဲ့သည်။