Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ က ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၂၀၀ ခန့်ကို ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့

အစ္စရေး နိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ အမျိုးသား လုံခြုံရေး ဌာန က စက်တင်ဘာ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေး နိုင်ငံ အနေဖြင့် ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၂၀၀ ခန့်ကို ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂ လသာ ကာလအတွင်း ဂျော်ဒန်မြစ် အနောက်ဘက် ဒေသတွင် ဆောင်ရွက်မည့် တိုက်ခိုက်မှုပေါင်း ၇၀ ကျော်ကို ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။

အစ္စရေး နိုင်ငံ အမျိုးသား လုံခြုံရေး ဌာန တာဝန်ရှိသူ က ဖော်ထုတ် နိုင်ခဲ့သည့် တိုက်ခိုက်ရန် ကြံစည်မှု များတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၊ ပစ်ခတ်မှု နှင့် အနုကြမ်းစီးမှု စသည့် တို့ပါဝင်ကြောင်း ၊ ယခုနှစ် ဇူလိုင်လ၌ ဂျေရုဆလင် မြို့ဟောင်းရှိ Mount ဘုရားကျောင်းတွင် သတ္တုစစ်ဆေးရေး ဂိတ်ထားရှိပြီးနောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုများ ပိုမို မြှင့်တက်လာခဲ့ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ဒေသ၏ လုံခြုံရေး အခြေအနေ သည် ကောင်းမွန်သည့် အနေအထား သို့ပြောင်းလဲလာသော်လည်း ယခုနှစ်ဆန်းပိုင်း မှ စတင်၍ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွား လာခဲ့သည်။ ဇူလိုင်လ ၁၄ ရက်နေ့၌ ဂျေရုဆလင်မြို့ဟောင်းတွင် အစ္စရေး ရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်မှု ခံခဲ့ရပြီး သေဆုံးခဲ့ရသည်။ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် အစ္စရေး နိုင်ငံ က ဂျေရုဆလင် မြို့ဟောင်းရှိ ဗလီ များကို ပိတ်ပင်ခဲ့ပြီး Mount ဘုရားကျောင်းတွင် သတ္တုစစ်ဆေးရေး ဂိတ်ထားရှိသဖြင့် ပါလက်စတိုင်း နိုင်ငံသားများ နှင့် ရဲတပ်ဖွဲ့ တို့မှ တိုက်ခိုက်မှုဖြစ်ပွားကာ သေဆုံးဒဏ်ရာရရှိမှု များဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။(Xinhua)