Connect with us

Africa & Middle East

တူရကီတွင် အမျိုးအမည်မသိ ဓါတုပစ္စည်းများကြောင့် လူပေါင်း အယောက် ၄၀ ဆေးရုံတင်ရ

ဓါတုပစ္စည်းများ ရှူရှိုက်မိ၍ အဆိပ်သင့်သူတစ်ဦးအား ခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Siirt ပြည်နယ် တွင် အမျိုးအမည်မသိသော ဓါတုပစ္စည်းများ ပါဝင်သည့် စက်မှုလုပ်ငန်းသုံးစည်တစ်ခုကို ကလေးငယ်များက ဖွင့်လှစ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ရက် နှောင်းပိုင်းတွင် ကလေးငယ် ၂၃ဦးအပါအဝင် အနည်းဆုံး လူ၄၀ ဦး အဆိပ်သင့်ကာ ဆေးရုံတင်ခဲ့ရကြောင်း ဒိုဂန်သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ကျေးရွာအပြင်ဘက်တွင် တွေ့ရှိသည့် ဓါတုပစ္စည်းများထည့်ထားသော စည်တစ်ခုအား ကလေးငယ်များစွာက ယူလာပြီး မတော်တဆဖွင့်ကြည့်မိရာမှ ဒေသခံများတွင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ကို ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါလူနာများကို ဆေးကုသမှုခံယူရန် Siirt ပြည်နယ် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးတစ်ယောက်မျှအသက်အန္တရာယ်မစိုးရိမ်ရကြောင်း Siirt ပြည်နယ်အစိုးရရုံးက ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ယင်းဒေသသို့ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့များ (AFAD)၊ ဆေးကုသမှုအဖွဲ့များ နျင့် တူရကီလခြမ်းနီအဖွဲ့ကို ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်း သိရသည်။ အနီးအနားပတ်ဝန်းကျင်မှ ရွာသားများကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်များအရ အဆိပ်သင့်ရခြင်းအကြောင်းရင်းသည် ကလိုရင်းနှင့် ကာဗွန်ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.