ကိုင်ရို ၊ မတ် ၂၉ (ဆင်ဟွာ) အီဂျစ်နိုင်ငံ အလက်ဇန္ဒရီးယားမြို့မှ ကိုင်ရိုမြို ့သို့ပျံသန်းလာသော အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် တစ်စင်းသည် လေယာဉ်အပိုင်စီးခံလိုက်ရသဖြင့် ဆိုက်ပရပ်စ်ကျွန်း တောင်ဖက်ကမ်းခြေရှိ Larnaka လေဆိပ်သို့အရေးပေါ် ဆင်းသက်လိုက်ရကြောင်း အီဂျစ် ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆိုက်ပရပ်စ် နိုင်ငံပိုင် အသံလွှင့်ဌာနက ကြေညာသွားသည်။
ဒူဘိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရှိ Ajman မြို့တွင် လူနေအိမ် အဆောက်အအုံ အနည်းဆုံး နှစ်ခု၌ မတ်လ ၂၈ ရက် ညက မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက် သေဆုံးမှုစာရင်းကိုမူ မသိရသေးကြောင်း Gulf သတင်း ဌာန...
ဂျေရုဆလမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) အစ္စရေး သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဖွံ့ဖြိုးရန်အတွက် အမေရိကန်- အစ္စရေး လုပ်ငန်းစု၏ အငြင်းပွားဖွယ် သဘောတူ စာချုပ်အား အစ္စရေး တရားရုံးချုပ်က ပယ်ချလိုက်သည်။
ကဘူးလ်၊မတ်၂၈ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်း ရှိ အာဖဂန်လွှတ်တော်အဆောက်အအုံ အနီး၌ မတ်လ ၂၈ရက်နေ့က ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် လူအသေအပျောက်များခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။
ကိပ် တောင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တောင်အာဖရိက နိုင်ငံရှိ ဆယ်ကျော်သက် လူငယ်လေးဦးမှာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံး ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က မတ်လ ၂၇ ရက်က အတည်ပြု ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် တန် ၆၀ အလေးချိန်ရှိ လူသားချင်း စာနာထောက်ထားမှု အကူအည ီပစ္စည်းများအား ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Hmeymim ရုရှား လေတပ်စခန်းသို့ ပေးပို့ခဲ့ကြောင်း ဆီးရီးယားနိုင်ငံရှိ အစိုးရနှင့် အတိုက်အခံများ ပြန်သင့်မြတ်ရေးအတွက် ဖွင့်လှစ်ထားသည့် ရုရှားစင်တာက မတ်လ...
အယ်လ်ဂျီးယား၊ မတ် ၂၈ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ Reggane ဒေသ တောင်ပိုင်းတွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အယ်လ်ဂျီးရီးယားတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရရှိခဲ့ကြောင်း နိုင်ငံ၏...
ကုလသမဂ္ဂ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ယီမင်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအား ဧပြီလ ၁၀ ရက်၌ စတင်မည် ဖြစ်ကြောင်း ကုလ သမဂ္ဂ အထူးသံတမန် အစ္စမေးလ် အိုးလ် ချိခ် အမန်း (Ismail Ould Cheikh Ahmed)...
ကန်ဘာရာ ၊ မတ် ၂၄ ရက် ( ဆင်ဟွာ ) မတ်လအစောပိုင်းက မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေ၌ တွေ့ရှိခဲ့သော လေယာဉ် အစိတ်အပိုင်းများသည် ပျက်ကျ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် MH370 ၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ လုံးဝနီးပါး သေချာကြောင်း သြစတြေးလျ ပို့ဆောင်ရေး...
မွန်ရိုဗီးယား၊ မတ် ၂၃ ရက် (ဆင်ဟွာ) လိုင်ဘေးရီးယားနိုင်ငံ အစိုးရက ဂီနီနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားပြီးနောက် ဂီနီနိုင်ငံနှင့် ဆက်စပ်နေသည့် လိုင်ဘေးရီးယားနိုင်ငံ၏ နယ်စပ်အား ပိတ်ထားခဲ့ကြောင်း မတ်လ ၂၂ ရက် က ပြောကြားခဲ့သည်။