Connect with us

Africa & Middle East

အီရန်နိုင်ငံ စစ်အခြေစိုက်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ဦးသေ၊ ၈ဦး ဒဏ်ရာရရှိ

တီဟီရန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တီဟီရန်မြို့အစွန်အဖျားရှိ စစ်အခြေစိုက်စခန်းတစ်ခု တွင် သြဂုတ် ၆ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သား ၄ဦးသေဆုံးခဲ့ပြီး အခြားစစ်ဘက်ဆိုင်ရာဝန်ထမ်း ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာကဖော်ပြခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများအနက် စစ်တပ်အရာရှိတစ်ဦးလည်း ပါဝင်ကြောင်း နှင့် ပစ်ခတ်မှုသည် တီဟီရန်မြို့ အရှေ့တောင်ဘက် ၁၀ကီလိုမီတာခန့်အကွာ ရှိ Kahrizak စစ်ရေးလေ့ကျင့်ရေးကွင်း ၌ နံနက်အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီရန်လေတပ်က ထုတ်ပြန်ခဲ့သည်။

လုပ်ဖော်ကိုင်ဖက် စစ်မှုထမ်းများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သားသည် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားနေခြင်း (သို့) ပစ်ခတ်မှုသည် မတော်တဆမှုကြောင့် ဖြစ်ပွားနိုင်ချေရှိကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ယင်းဖြစ်စဉ်အား စုံစမ်းနေပြီး ရလဒ်ကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)