Africa & Middle East
ကင်ညာ သမ္မတအသစ်အတွက် ပြည်သူအများက မဲပေးရန် မဲရုံများတွင် မဲပေးကြ

နိုင်ရိုဘီ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံတွင် သြဂုတ်လ ၈ ရက်၌ သမ္မတအသစ် ရွေးကောက်ရန်အတွက် ပြည်သူ ၁၉.၆ သန်းခန့်က မဲရုံ လေးသောင်းကျော်မှာ မဲပေးဖို့ သွားရောက်နေကြပြီဖြစ်သည်။
မဲရုံများအား ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီဝန်းကျင်၌ စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ညနေ ၅း၀၀ နာရီ၌ ပိတ်သိမ်းမည် ဖြစ်ကြောင်း လိုအပ်ပါက အချိန်ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)