Africa & Middle East
ကင်ညာတွင် ဖမ်းမိထားသော ဆင်စွယ်များကို မီးရှို့ဖျက်ဆီးပြီး ပြာမှုန့်ကို အများ ပြည်သူများအား ပြသရန် စီစဉ်နေ
နိုင်ရိုဘီ ၊ မေ ၆ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံတွင် ဖမ်းဆီးရမိထားသော တရားမဝင် ဆင်စွယ်များနှင့် ကြံ့ချိုများ ကို မေလ ၅ ရက်က မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းပြာမှုန့်များကို အများပြည်သူတို့အား ပြသသွားရန် စီစဉ်နေကြောင်း သိရသည်။
ကင်ညာ အစိုးရသည် နိုင်ငံတွင်း ဖမ်းမိထားသည့် အနည်းဆုံး ဆင်စွယ် ၁ဝ၅ တန် နှင့်ကြံ့ချို ၁.၃ တန်ကို မီးရှို့ဖျက်ဆီးရန် ၂ဝ၁၆ ခုနှစ် ဧပြီလ ၃ဝ ရက်က သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ တိရစ္ဆာန် အစွယ်များကို မီးရှို့ဖျက်ဆီးပြီးပါက ၎င်းပြာမှုန့်ကိုလည်း အများပြည်သူတို့အားပြသပြီး တောရိုင်း တိရစ္ဆာန် ဖမ်းဆီးသတ်ဖြတ်နေမှုကို ပညာပေးရန် ရည်ရွယ်ခဲ့ကြသည်။
ကင်ညာနိုင်ငံတွင် ဖမ်းဆီးရမိသော ဆင်စွယ်များအား မီးရှို့ဖျက်ဆီး နေစဉ် (ဆင်ဟွာ)

ကင်ညာ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနသည် မီးရှို့ထားသော အစွယ်ပြာမှုန့်များကို နိုရိုဘီ အမျိုးသား ဥယျာဉ်သို့သယ်ဆောင်ပြီး အထူးပြခန်းများဖြင့် ခင်းကျင်းပြသသွားရန် စီစဉ်နေ သည်။ အာဖရိကတိုက်တွင် ဆင် နှင့် ကြံ့များကို သတ်ဖြတ်ပြီး ၎င်းတို့၏ အစွယ်များကို အလှကုန်ပစ္စည်း နှင့် ဆေးဝါးအဖြစ် အသုံးပြုရန် ဖွွံ့ဖြိုးပြီးနိုင်ငံများသို့ တရားမဝင်တင်ပို့ရောင်းချမှုများရှိနေရာ ဆင် နှင့် ကြံ့ကဲ့သို့အစွယ်ရှိ တောရိုင်း တိရစ္ဆာန် အသတ်ခံရမှုမှာလည်း နှစ်စဉ် မြင့်တက်လျက် ရှိကြောင်း သိရသည်။ (Xinhua)