Connect with us

Africa & Middle East

ဆီးရီးယား၌ မေလ ၅ ရက်မှ စ၍ ၄၈ နာရီကြာ ယာယီ စစ်ပြေငြိမ်းခြင်း စတင်

စစ်ပွဲများကြောင့် ပျက်စီးနေသည့် အလက်ပိုမြို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ မေ ၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ တွင် မေလ ၅ ရက်မှ စတင်၍ ၄၈ နာရီကြာ ယာယီ စစ်ပြြေငိမ်းခြင်း သဘောတူညီမှု တစ်ခုအား စတင်လိုက်ပြီ ဖြစ်ကြောင်း ဆီရီးယား တပ်မတော်က မေလ ၄ ရက်က ကြေညာလိုက်သည်။

အဆိုပါ သဘောတူညီမှုသည် မေလ ၅ ရက် ဒေသစံတော်ချိန် နံနက် ၁း၀၀ နာရီအချိန်တွင် စတင် အသက်ဝင်ကြောင်း စစ်တပ် ကြေညာချက်၌ ပြောကြားထားသည်။
အလက်ပိုမြို့တွင် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ၁၀ ရက်ကြာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာမှ ပျက်စီးခဲ့ရသည့် မြို့တွင် ယခုကဲ့သို့ ယာယီ စစ်ပြေငြိမ်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်- ရုရှား နိုင်ငံများ ထောက်ခံမှု ပြုလုပ်ထားသည့် ယာယီ စစ်ပြေငြိမ်းခြင်းသည် အစိုးရ ထိန်းချုပ်ထားသည့် ဧရိယာများပေါ်သို့ သူပုန်အဖွဲ့၏ အမြောက်ဆန်များရန်မှ ကာကွယ်ရန် အလက်ပိုမြို့အား နှစ်သိမ့်ပေးမှု တစ်ရပ်လည်း ဖြစ်စေသည်။
ယခုလို ယာယီ စစ်ပြေငြိမ်းခြင်းတွင် မြို့တော် ဒမတ်စကက်၏ ကျေးလက်ဒေသနှင့် နိုင်ငံ အနောက်မြောက်ပိုင်း Latakia ပြည်နယ်လည်း ပါဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.