Africa & Middle East
ကင်မရွန်းနိုင်ငံ အင်္ဂလိပ်ဘာသာစကားပြောသောဒေသတွင် ကျောင်းသားများနှင့် ဆရာအပါအဝင် ၁၅ ဦး ပြန်ပေးဆွဲခံရ
YAOUNDE ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်း စစ်ဘေးဒဏ်ခံစားနေရသည့် အင်္ဂလိပ်ဘာသာစကားပြော ဒေသနှစ်ခုအနက် တစ်ခုရှိ Kumba မြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုမှ ကျောင်းသားများနှင့် ဆရာတစ်ဦး အပါအဝင် ၁၅ ဦးအား ပြန်ပေးဆွဲခဲ့ကြောင်း ဒေသခံမျက်မြင်သက်သေများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ကင်မရွန်းနိုင်ငံအစိုးရသည် ပြန်ပေးဆွဲမှု ဖြစ်ပွားရသည့်အချိန်နှင့် ဖြစ်ပွားမှုပုံစံကို စုံစမ်းနေဆဲဖြစ်ကြောင်း ကင်မရွန်းနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး Issa Tchiroma Bakary က တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာအား ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ကင်မရွန်းနိုင်ငံ၌ အင်္ဂလိပ်ဘာသာစကားပြောသော စစ်ဘေးဒဏ်ခံစားနေရသည့် အဆိုပါဒေသတွင် ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၄ ရက်က နိုင်ငံ အနောက်မြောက်ပိုင်းရှိ ထိုဒေသရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုမှ ကျောင်းသား ကျောင်းသား ၇၉ ဦးအား ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သေးကြောင်း၊ ရက်အနည်းငယ်အကြာတွင် ၎င်းတို့ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)