Connect with us

Africa & Middle East

အာဖဂန်နစ္စတန်မြို့တော်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူ ၈၀ ဒဏ်ရာရ

အချင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်မြို့တော်ကဘူးလ် နိုဝင်ဘာ ၂၀ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူ ၈၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် မီဒီယာများ၏ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်း များအရ သိရသည်။

ဗုံးပေါက်ကွဲမှုမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ၁၈ နာရီ ၁၅ မိနစ်ခန့်က မြို့တော် ကဘူးလ်ရှိ မင်္ဂလာဆောင် ခန်းမတစ်ခု တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားစဉ် ခန်းမအတွင်း လူအများစုဝေးနေချိန် ဖြစ်ကြောင်း အာဖဂန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏သတင်းများကို ကိုးကား၍ TOLO NEWS သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အချင်းဖြစ်ပွားရာနေရာသို့ သွားရာ အဓိကလမ်းကြောင်းများကို ရဲတပ်ဖွဲ့ကပိတ်ဆို့ထားကြောင်း ၊ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်ယာဉ်များ သည် အချင်းဖြစ်နေရာသို့သွားရောက်နေပြီဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

ယခုကာလများအတွင်း အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားလေ့ရှိရာ လုံခြုံရေး အခြေအနေ ဆိုးဝါးလျက်ရှိသည်။ နိုဝင်ဘာ ၁၂ ရက်နေ့က ကဘူးလ်မြို့ လူစုဝေးရာ နေရာတစ်ခုကို ISအစွန်းရောက်များက တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.