Connect with us

Africa & Middle East

ဂါဇာဘက်မှ အစ္စရေးသို့ဦးတည်၍ ဒုံးကျည် ၄၅ လုံး ပစ်လွှတ်တိုက်ခိုက်ခဲ့

ဂျေရုဆလင် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံတောင်ပိုင်း နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂါဇာဘက်မှနေ၍ အစ္စရေးဘက်သို့ ဦးတည်ကာ မေ ၁၀ ရက် ညနေပိုင်းက ဒုံးကျည် ၄၅ လုံးကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က ပြောကြားခဲ့သည်။ဂါဇာဘက်မှ တိုက်ခိုက်မှုတွင် လွန်ခဲ့သော ရက်သတ္တပတ်က အကြမ်းဖက်ဆန္ဒပြပွဲများအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည့် ဂျေရုဆလင်မြို့ရှိ ပါလက်စတိုင်းများကြောင့် မကြာသေးခင်က တင်းမာမှုမြင့်တက်နေသော ဒေသတစ်ခုဖြစ်သည့် ဂျေရုဆလင်မြို့သို့ ဦးတည်၍လည်း ဒုံးကျည် ၆ လုံး ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ဂျေရုဆလင်မြို့ဟောင်း ဒမက်စကတ်စ်ဂိတ်ဝအပြင်ဘက်တွင် မေ ၉ ရက် ညပိုင်း၌ အစ္စရေးရဲတပ်ဖွဲ့က ပါလက်စတိုင်းတစ်ဦးအား ဖမ်းဆီးနေစဉ်(ဆင်ဟွာ)

“ ဒါဟာ အစ္စရေးအပေါ် ဟားမက်စ်တို့ရဲ့ သိပ်ကိုဆိုးရွားတဲ့ ရုတ်တရက်တိုက်ခိုက်မှုတစ်ခုဖြစ်လို့ ဖြေရှင်းနေမှာတော့ မဟုတ်ဘူး” ဟု ဗီဒီယိုရုပ်သံမှတဆင့် နိုင်ငံခြားသတင်းထောက်များအား သတင်းစာ ရှင်းလင်းစဉ် Conricus က ထည့်သွင်းပြောကြားခဲ့သည်။

“ အဆုံးစွန် အပြင်းထန်ဆုံး လုပ်ဆောင်မှုတစ်ခုအပါအဝင် ပုံစံအမျိုးမျိုးနဲ့ လက်တုံ့ပြန်သွားဖို့ ကျွန်တော်တို့ပြင်ဆင်ထားပြီးပါပြီ” ဟု ၎င်းက ဆိုသည်။ “ ကျွန်တော်တို့ဆီက ဆိုးရွားတဲ့ အကျိုးဆက်တွေကို သူတို့ရင်ဆိုင်ရမယ်ဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်သွားအောင် ဟားမက်စ်တွေကို သတင်းစကားပေးဖို့ ကျနော်တို့လုပ်ပြမယ် ” ဟု ဆိုသည်။

မကြာသေးမီရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ၏ အဓိက စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းက အစ္စရေးရဲတပ်ဖွဲ့နှင့် ဂျေရုဆလင်ရှိ ပါလက်စတိုင်းတို့အကြား နှစ်ဘက်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းတို့ အထွဋ်မြတ်ထားရာ Al-Aqsa Mosque ဗလီထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ပါလက်စတိုင်း ဆန္ဒပြသူများက ပြောကြားခဲ့ပြီး ဂျူးအခြေချနေထိုင်သူများအတွက် နေရာထိုင်ခင်းပေးရန် ဂျေရုဆလင်မြို့ရှိ ပါလက်စတိုင်းများအား ၎င်းတို့နေအိမ်များကို စွန့်ခွာသွားရန် လုပ်ဆောင်နေကြောင်း ၎င်းတို့က ဆိုသည်။

မကြာသေးခင်ကဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုအတွင်း ပါလက်စတိုင်းရာပေါင်များစွာ နှင့် အစ္စရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ဂါဇာကမ်းမြောင်တွင် တပ်စွဲထားသော အစ္စလာမ်မစ်အဖွဲ့တစ်ခုဖြစ်သည့် ဟားမက်စ်အဖွဲ့သည် အစ္စရေးတို့နှင့် စစ်ပွဲကြီးသုံးကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ဂျေရုဆလင်သို့ ဦးတည်၍ နောက်ဆုံးအကြိမ် ဒုံးကျည် ပစ်လွှတ်တိုက်ခိုက်မှုသည် ၂၀၁၄ ခုနှစ် က ဟားမက်စ်နှင့်အစ္စရေးတို့အကြား နောက်ဆုံးဖြစ်ပွားခဲ့သော စစ်ပွဲအတွင်းက ဖြစ်သည်။

အစ္စရေးလုံခြုံရေးကက်ဘိနက်အဖွဲ့သည် အဆိုပါ ညနေခင်းက ဖြစ်ပွားသော တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန်အတွက် ဂါဇာကမ်းမြောင်ဘက်မှ စစ်သွေးကြွများအား လေကြောင်းခုခံတားဆီးမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ တနင်္လာနေ့ ညနေပိုင်းက ဂါဇာကမ်းမြောင်သို့ တိုက်ခိုက်မှုတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ပါလက်စတိုင်း အဆင့်မြင့်စစ်သွေးကြွတပ်မှူး ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး နှင့် ပါလက်စတိုင်း မီဒီယာနှစ်ဖက်စလုံးက ရေးသားဖော်ပြခဲ့သည်။

“ ဟားမက်စ်တွေကို ဦးတည်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားဖို့ အခွင့်အာဏာနဲ့ ရည်မှန်းချက် စွမ်းရည်များစွာ ကျွန်တော်တို့မှာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဂျေရုဆလင်ကို ဦးတည်ပြီး အစ္စရေးကို တိုက်ခိုက်မှုပြုလုပ်ခဲ့တယ် ၊ အစ္စရေးတောင်ပိုင်ကို ဒုံးကျည်ပေါင်းများစွာ ပစ်လွှတ်တိုက်ခိုက်ခဲ့လို့ပါပဲ ” ဟု Conricus က ဆိုသည်။

IDF ရှေ့တန်းတပ်ဖွဲ့က လာမည့်ရက်များတွင် စစ်ရေးအရှိန်မြင့်တက်လာနိုင်သဖြင့် ဂါဇာကမ်းမြောင် နယ်စပ်နှင့်ထိစပ်နေသော အစ္စရေးနိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်းများတွင် လူစုလူဝေး လုပ်ဆောင်ခြင်းမပြုဘဲ အင်္ဂါနေ့၌ ကျောင်းပိတ်ထားရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)
—————————————
(English Version)
Over 45 rockets fired from Gaza into Israel: army
JERUSALEM, May 10 (Xinhua) — Over 45 rockets were fired from Gaza into Israel on Monday evening, mostly landing in open areas on the border with Gaza in the south of the country, the Israel Defense Forces (IDF) spokesman Jonathan Conricus said.
The attack from Gaza, which also included six rockets fired toward Jerusalem, intensified an already tension in the region in recent days, as Palestinians in Jerusalem have confronted Israeli security forces in violent demonstrations in past weeks.
“This is a very severe assault on Israel by Hamas that will not go unanswered,” said Conricus in a video briefing for foreign journalists.
“We have made preparations for various scenarios, including high intensity ones,” he said. “We asses that Hamas will get the message and will understand they are the ones facing severe consequences from us.”
It is worth noting that a major war drill planned by the IDF for the coming days has been cancelled.
Earlier in the day, Israeli police clashed with Palestinians in Jerusalem. Palestinian protesters say Israel has been invading the holy site of the Al-Aqsa Mosque compound and evicting Palestinians from homes in Jerusalem in order to make room for Jewish settlers.
Hundreds of Palestinians and dozens of Israeli troops have been injured in the recent clashes.
Hamas, an Islamic militant group that rules the Gaza Strip, has fought three major wars with Israel. The last time rockets were fired by Palestinian militants toward Jerusalem was during the last war between Hamas and Israel in 2014.
According to media reports, the Israeli security cabinet that convened to discuss the response to the evening attacks approved the widening of the air offensive against militants in the Gaza Strip. Both Israeli and Palestinian media reported the IDF targeting senior militant commanders in Gaza in surgical strikes on Monday evening.
“We have the capabilities, the authority and the intention to deliver a severe blow to Hamas, because of the blatant attack against Israel, the fire toward Jerusalem and the massive rocket fire against southern Israel,” said Conricus.
The IDF home front command announced that schools in southern Israel bordering with the Gaza Strip will be closed on Tuesday with large gatherings cancelled, as the escalation is expected to continue in the coming days. Enditem
“We have the capabilities, the authority and the intention to deliver a severe blow to Hamas, because of the blatant attack against Israel, the fire toward Jerusalem and the massive rocket fire against southern Israel,” said Conricus.
The IDF home front command announced that schools in southern Israel bordering with the Gaza Strip will be closed on Tuesday with large gatherings cancelled, as the escalation is expected to continue in the coming days. Enditem

(1)Photo taken from the Gaza Strip on May 10, 2021 shows rockets being fired toward Israel.
(2) Israeli police arrest a Palestinian outside the Damascus Gate of Jerusalem’s Old City on May 9, 2021. (Photo by Muammar Awad/Xinhua)