Africa & Middle East
ဂါနာတွင် လှေမှောက်မှုကြောင့် အနည်းဆုံး လူ ၁၁ဦး သေဆုံး

အက်ခ်ရာ၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ဂါနာနိုင်ငံ တွင် လှေမှောက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာန က မေ ၃၁ ရက်တွင်ဖော်ပြခဲ့သည်။
ခရီးသည်များသည် ၎င်းတို့၏ ခြံထွက်ပစ္စည်းများအား ရောင်းချရန် ဂါနာနိုင်ငံ မြို့တော် အက်ခ်ရာမြို့ အရှေ့မြောက်ဘက် ၄၃၀ကီလိုမီတာ အကွာ Sipom ကျွန်းသို့ Kete Krachi ဒေသမှ လှေဖြင့်လာရောက်စဉ် Volta ရေကန်ရှိ သစ်ငုတ်တစ်ခုဖြင့် တိုက်မိပြီး လှေတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့သော မေ ၃၀ ရက် နေ့လည်ပိုင်းတွင် ယင်းလှေပေါ်၌ လူ ၅၀ဦးကျော် လိုက်ပါလာကြောင်း နိုင်ငံပိုင် Ghana Broadcasting Corporation ကဖော်ပြခဲ့သည်။
သတင်းဖော်ပြချက်အရ လူ ၃၃ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ အရေအတွက်ကို အတိအကျ သိရှိခြင်းမရှိကြောင်း သိရသည်။
သေဆုံးသူ ၂ဦးတွင် ကိုယ်ဝန်ဆောင် ၂ဦး ပါဝင်ကြောင်း သိရသည်။
Krachi West ခရိုင်အကြီးအကဲ Douglas Osei-Nti က ကယ်ဆယ်ရေးလုပ်ငန်းများအား ရေတပ်တပ်ဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း သတင်းဌာနသို့ပြောကြားခဲ့သည်။ (Xinhua)