Africa & Middle East
ဂျော်ဒန်နိုင်ငံ ၏ ဥပဒေပြုအမတ်များ က အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ် အား နှင်ထုတ်ရန် တိုက်တွန်း
အာမန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
ဂျောဒန်နိုင်ငံ ၏အောက်လွှတ်တော် က Al-Aqsa ဗလီတွင် အစ္စရေးနိုင်ငံ၏ ချိုးဖောက်မှုများ အတွက် ဂျော်ဒန်ုနိင်ငံ ၏ သံအမတ် Tel Aviv အား အစ္စရေးနိုင်ငံ မှ ပြန်လည်ခေါ်ယူရန် နှင့် အစ္စရေးနိုင်ငံ သံအမတ် အား ဂျော်ဒန်နိုင်ငံ မှ နှင်ထုတ်ရန် မတ်လ ၁၈ ရက်နေ့ တွင် တိုက်တွန်းခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ထိုကိစ္စအပေါ်သဘောတူညီမှု နှင့် ပတ်သက်၍ အစိုးရအနေဖြင့် အသေးစိတ်အချက်အလက်အားလုံး အားထုတ်ဖော်ပြောဆိုသင့်ကြောင်း နှင့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သည့် နေရာ၏ အဆင့်အတန်းအားပြောင်းလဲရန် အစ္စရေးနိုင်ငံ ၏ မည်သည့်ဆောင်ရွက်မှု ကိုမဆို ရင်ဆိုင်သွားရန် အာရပ် နှင့် နိုင်ငံတကာ ကြိုးပန်းမှုများအားလှုံ့ဆော်ပေးရန် လည်း အောက်လွှတ်တော်အမတ်များ က တောင်းဆိုခဲ့သည်။
Al-Aqsa ဗလီ ဆန့်ကျင်ချိုးဖောက်သည့် ကိစ္စ အား UN နှင့် အာရပ်အစိုးရအနေဖြင့် လျင်လျင်မြန်မြန်အရေးယူပြီး အဆုံးသတ်ရန် ၎င်းတို့ မှ အစိုးရ အားတိုက်တွန်းပြောဆိုခဲ့သည်။
ဘာသာရေးဆိုင်ရာ မြင့်မြတ်သည့် နေရာအား ကာကွယ်ရန် ဂျော်ဒန်နိုင်ငံအတွက် ဦးစားပေးကဏ္ဍဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က ပြောသည်။
အီဂျစ်နိုင်ငံ နှင့် အစ္စရေးတို့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် အစ္စရေး နှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်အား ဒုတိယမြောက်ချုပ်ဆိုသော အာရပ်နိုင်ငံအဖြစ် ဂျော်ဒန်နိုင်ငံက ၁၉၉၄ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)