Africa & Middle East
ဆိုမာလီနိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦးသေဆုံး

မိုဂါဒစ်ရှူး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဆိုမာလီနိုင်ငံ အလယ်ပိုင်း Galkayo မြို့တွင် နိုဝင်ဘာလ ၂၆ ရက် အစောပိုင်းက အယ်လ်-ရှာဘတ် စစ်သွေးကြွများ၏ လက်ချက်ဟု သံသယရှိထားသော ကားဗုံးပေါက်ကွဲမှုတစ်ခုနှင့် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ နေအိမ်အား တိုက်ခိုက်မှုဖြစ်ပွားမှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောကြားခဲ့သည်။ (Xinhua)