Connect with us

Africa & Middle East

အီရန်အနောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ၆.၄ပမာဏ ရှိ ငလျင်ကြောင့် လူ ၇၂၉ဦး ဒဏ်ရာရရှိ

အီရန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော ငလျင်ကြောင့် အပျက်အစီးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ် ရှိ Sarpol-e Zahab မြို့ တွင် နိုဝင်ဘာ ၂၅ရက်က လှုပ်ခတ်ခဲ့သော အင်အား ၆.၄ပမာဏရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၇၂၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mehr သတင်းဌာန က နိုဝင်ဘာ ၂၆ရက်တွင်ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံ အရေးပေါ်ဆေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်ပြင်းလှုပ်ခတ်ချိန်တွင် နေအိမ်အပြင်ဘက်သို့ ပြေးထွက်ရန် ကြိုးစားရင်း လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် သေဆုံးသူစာရင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း Kermanshah ပြည်နယ် ဆေးသိပ္ပံတက္ကသိုလ် ဥက္ကဋ္ဌ Mahamoud Reza Moradi ၏ ပြောကြားချက် ကို ကိုးကား၍ Tasnim သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ ငလျင်စင်တာ၏ ပြောကြားချက်အရ ငလျင်သည် ဂရင်းနစ်စံတော်ချိန် ၁၆၃၇နာရီတွင် မြောက်လတ္တီကျု ၃၄.၃၈ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၄၅.၇၀ဒီဂရီ ရှိ မြေပြင် အနက် ၇ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် Karmanshah ပြည်နယ် ရှိ ရွာများ နှင့် မြို့များ၏ သဘာဝဓါတ်ငွေ့များ၊ လျှပ်စစ်ဓါတ်အားများ နှင့် ရေပေးဝေမှုကွန်ရက်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြည်နယ်အတွင်းရှိ ကျောင်းများ နှင့် တက္ကသိုလ်များအားလုံးကိုလည်း နိုဝင်ဘာ ၂၆ရက်တွင် ပိတ်ထားခဲ့ကြောင်း သိရသည်။

ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြည်နယ်အတွင်း အင်အား ၂.၄ မှ ၅.၂ ပမာဏရှိ အနည်းဆုံး နောက်ဆက်တွဲငလျင် ၂၀၀လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် အီရန်နှင့် အီရတ်နယ်စပ် ရှိ Sarpol-e Zahab ဧရိယာ ၌ အင်အား ၇.၃ပမာဏရှိ အင်အားအလွန်ပြင်းသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ အီရန်လူမျိုး ၂၁၁ဦးသေဆုံးပြီး ၇၁၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.