Africa & Middle East
ဆီးရီးယား ရှိ လူစည်ကားရာ ဈေးအတွင်း စိန်ပြောင်းဖြင့် တိုက်ခိုက်မှုကြောင့် လူ ၃၅ဦးသေဆုံး

ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ရှိ လူစည်ကားသော ဈေးတစ်ခု ၌ မတ် ၂၀ရက်တွင် သူပုန်များက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေသည် ၃၅ဦး အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဒုံးကျည်သည် ဒမတ်စကပ်စ်မြို့ အရှေ့ဘက်ရှိ Kashkoul ဈေးအတွင်းသို့ ရုတ်တရက် ကျရောက်ပေါက်ကွဲခဲ့၍ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ဒမတ်စကပ်စ်မြို့တွင် သူပုန်များ၏ ဒုံးကျည်ပစ်ခတ်မှုကြောင့် သေဆုံးမှုအများဆုံး ဖြစ်ရပ်များအနက် တစ်ခုဖြစ်ပြီး မြို့တော်၏ အခြားနေရာများတွင်လည်း မတ် ၂၀ရက်က ဒုံးကျည်ပစ်ခတ်မှု ကြောင့် အခြားလူ ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်စ်မြို့စွန် အရှေ့ပိုင်း Ghouta ဆင်ခြေဖုံးဒေသရှိ သူပုန်များ၏ ခံတပ်များကို ဆီးရီးယားစစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံပိုင် ရုပ်သံလိုင်းက ဆီးရီးယား တပ်ဖွဲ့ဝင်များသည် Failaq al-Rahman သူပုန်များ၏ အဓိက ခံတပ်ဖြစ်သော Ayn Tarma ဧရိယာသို့ မတ် ၂၀ ရက်တွင် ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ယင်းသူပုန်များသည် မြို့တော်အတွင်း စိန်ပြောင်း နှင့် ဒုံးကျည်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများဖြစ်ကြောင်း သိရသည်။
ဆီးရီးယားစစ်တပ်သည် မြို့တော်အား အဓိက ခြိမ်းခြောက်နေသည့် အရှေ့ Ghoutaဒေသ၏ ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)