Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၇ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ စာသင်ကျောင်းတစ်ခုရှိ ကလေးငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက်စ်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ်တွင် ဇူလိုင် ၉ ရက်က မြေမြှုပ်မိုင်းပေါက်ကွဲမှု

ဖြစ်ပွားရာ ကလေးငယ် ၇ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားသတင်းမီဒီယာများအရ သိရသည်။

အချင်းဖြစ်ရပ်မှာ Deir ez-Zor ပြည်နယ် ၊Dablan မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ကလေးငယ်များ ဆော့ကစားနေစဉ် အနီးရှိ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ SANA သတင်းဌာနက ဖော်ပြထား သည်။ သေဆုံးသွားသော ကလေးငယ်များမှာ အသက် ၉ နှစ်မှ ၁၃ နှစ် အတွင်းဖြစ်ကြောင်း ၊သေဆုံးသူ ရုပ်လောင်းများကို ဒေသခံဆေးရုံသို့ အချင်းဖြစ်ပွားသောညတွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မြေမြှုပ်မိုင်းမှာ ယခင်က ISအစွန်းရောက်အဖွဲ့ ယင်းဒေသကို ထိန်းချုပ်စဉ်က မြှုပ်နှံထားခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယခုနှစ်တွင် ဆီးရီးယားနိုင်ငံ နေရာအများအပြား အရပ်သားမိုင်းထိ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂ မိုင်းအန္တရာယ်ရှင်းလင်းရေးဌာန၊ ဆီးရီးယား အစိုးရ သက်ဆိုင်ရာဌာနများနှင့် ကျောင်းများက အန္တရာယ်ရှောင်ရှားရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.