Africa & Middle East
ဆီးရီးယားနိုင်ငံ အလက်ပိုတွင် လမ်းမိုင်းပေါက်ကွဲမှုကြောင့် လူ ၉ ဦးသေဆုံး
![ဆီးရီးယားနိုင်ငံတွင် သူပုန်များ ချန်ရစ်ထားခဲ့သည့် လမ်းမိုင်း ၂လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2019/03/images_world_2019_03_28h1.jpg)
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ် တွင် မတ် ၂၇ ၇က်က လမ်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ စုစုပေါင်း လူ ၉ဦးသေဆုံးပြီးအခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA ကဖော်ပြခဲ့သည်။
သူပုန်များ ချန်ရစ်ထားခဲ့သည့် လမ်းမိုင်းတစ်လုံးသည် နိုင်ငံမြောက်ပိုင်းအလက်ပိုပြည်နယ် Tal Jabin မြို့တွင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အစိုးရဦးဆောင်သော အဖွဲ့များက အရပ်သားများ၏ လုံခြုံရေးအတွက် လမ်းမိုင်းများအား ရှင်းလင်းနေသည့်ကြားက ယခင် သူပုန်များ ထိန်းချုပ်ထားသောဧရိယာများတွင် လမ်းမိုင်းများကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရကြောင်း သိရသည်။
မတ် ၆ ရက်ကလည်း အလက်ပိုတွင် လမ်းမိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံးခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် အလားတူပေါက်ကွဲမှုများကြောင့် အရပ်သား စုစုပေါင်း ၂၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)