Africa & Middle East
ဇမ်ဘီးယား တွင် မိုးကြိုးထိမှန်၍ မိသားစုဝင် ၆ဦးသေဆုံး
လူဆာကာ၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ)
ဇမ်ဘီးယားနိုင်ငံ အရှေ့ပိုင်း Katete ခရိုင်တွင် မိုးကြိုးထိမှန်၍ မိသားစုဝင် ၆ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ မိသားစုသည် Katete ခရိုင်၏ အစွန်အဖျားကျသော ရွာတစ်ရွာမှဖြစ်ကာ ဒီဇင်ဘာ ၁၃ရက် နေ့လည်ပိုင်း မိုးသည်းထန်စွာ ရွာနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း ရဲချုပ် Alex Chilufya ၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်ရုပ်သံထုတ်လွှင့်ရေး Zambia National Broadcasting Corporation က ဖော်ပြခဲ့သည်။
သေဆုံးသူများသည် အသက် ၂နှစ် မှ ၃၄နှစ်အတွင်းဖြစ်ကြကြောင်း ရဲချုပ် ကပြောကြားခဲ့သည်။
ရဲချုပ်က ဒီဇင်ဘာ ၁၃ရက်နေ့၌ပင် ယင်းခရိုင်အတွင်း အခြားဧရိယာမှ အမျိုးသမီးတစ်ဦးလည်း မီးဖိုချောင်အတွင်း မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
မိုးရာသီအတွင်း မိုးကြိုးထိမှန်မှုကြောင့် လူသေဆုံးမှုများသည် ဇမ်ဘီးယားနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိကြောင်း သိရသည်။ (Xinhua)