Connect with us

Africa & Middle East

အိမ်ဖြူတော် မှ အိုဘာမား လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း အီရန် နိုင်ငံ အပေါ် ပိတ်ပင်အရေးယူမှု ကာလ တိုးမြှင့်ခြင်းသည် ဥပဒေ တစ်ရပ် ဖြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

အမေရိကန် သမ္မတ အိုဘားမား အား အိမ်ဖြူတော်တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် မှ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် အမေရိကန် လွှတ်တော်မှ ပေးပို့ခဲ့သည့် “အီရန် နိုင်ငံ အပေါ် ပိတ်ပင်အရေးယူမှု ဥပဒေမူကြမ်း” အချိန်ကာလ တိုးမြှင့်ခြင်း ဥပဒေမူကြမ်းတွင် လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း ထိုဥပဒေမူကြမ်းသည် အလိုအလျောက် ဥပဒေ တစ်ရပ် ဖြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် အိုဘားမား အစိုးရ အနေဖြင့် “အီရန် နိုင်ငံ အပေါ် ပိတ်ပင်အရေးယူမှု ဥပဒေမူကြမ်း” သည် မလိုအပ်ကြောင်း နှင့် ဤပိတ်ပင်အရေးယူမှု အချိန်တိုးမြှင့်ခြင်း ဥပဒေမူကြမ်းသည် “အီရန် နျူကလီးယား သဘောတူညီချက်”ကို အနှေင့်အယှက် ဖြစ်စေမည် မဟုတ်ကြောင်း ၊ ထို့ပြင် ထုတ်ပြန်ချက်တွင် အိုဘားမား လတ်မှတ်ရေးထိုးခြင်း မရှိသော်လည်း ဥပဒေ တစ်ရပ်ဖြစ်သွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန် နိုင်ငံ ဥပဒေ သတ်မှတ်ချက် အရ လွှတ်တော် အနေဖြင့် ဥပဒေမူကြမ်း တစ်ခုကို အတည်ပြုပြီးနောက်တွင် အမေရိကန် နိုင်ငံ သမ္မတ အနေဖြင့် မည်သည့် တုံ့ပြန်မှုမှမပြုလုပ်ပါက ထိုဥပဒေမူကြမ်းသည် အလိုအလျောက် ဥပဒေ တစ်ရပ်ဖြစ်သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ မှ အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ပင်မှု တိုးမြှင့်ခြင်း ရှိမရှိသည် လက်ရှိ အီရန် နိုင်ငံ မှ “အီရန် နျူကလီးယား သဘောတူညီမှု” အောက်တွင် ရရှိသည့် သက်ဆိုင်ရာ ပိတ်ပင်မှု ပယ်ဖျက်ခြင်း ကို သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ၊ “အီရန် နျူကလီးယား သဘောတူညီချက်” အရ ဆက်လက်၍ စာချုပ်ပါ ပိတ်ပင်အရေးယူခြင်း ပယ်ဖျက်မှု များကို လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အမေရိကန် နိုင်ငံ ခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ မှလည်း အီရန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက်ကို လိုက်နာပါက ကယ်ရီ အနေဖြင့် ဆက်လက်၍ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် အိမ်ဖြူတော်မှ အိုဘားမား အနေဖြင့် “အီရန် နိုင်ငံ အပေါ် ပိတ်ပင်အရေးယူမှု ဥပဒေမူကြမ်း” အချိန်ကာလ တိုးမြှင့်ခြင်းကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက်တွင် အီရန် နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန် ကို ပြစ်တင်ပြောကြာခဲ့ပြီး အိုဘားမား အနေဖြင့် ထိုဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခြင်းသည် “အီရန် နျူကလီးယား သဘောတူညီမှု” ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြား ခဲ့သည်။

“အီရန် နိုင်ငံ အပေါ် ပိတ်ပင်အရေးယူမှု ဥပဒေမူကြမ်း” သည် ၁၉၉၆ ခုနှစ်က စတင်အသက်ဝင် ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ယခု အသုံးပြုနေသည့် “အီရန် နှင့် လစ်ဗျား အပေါ် အရေးယူ ပိတ်ပင်မှု ဥပဒေမှုကြမ်း” အဖြစ်သို့ ပြောင်းလဲခဲ့သည်။

အီရန်နျူကလီးယား ပြသနာ နှင့် ပတ်သက်၍ အီရန် နှင့် နိုင်ငံကြီး ၆ နိုင်ငံ(အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမဏီ) သည် နှစ်ပေါင်းများစွာ ခက်ခဲသည့် ဆွေးနွေးမှု များဆောင်ရွက်ခဲ့ရပြီး နောက်ဆုံး ၂၀၁၅ ခုနှစ် သြဂုတ် လ တွင် အီရန် နျူကလီးယား ပြသနာ ဘက်စုံ သဘောတူညီမှုကို ရရှိခဲ့သည်။ သဘောတူညီမှု အရ အီရန် နိုင်ငံ အနေဖြင့် နျူကလီးယား အစီအစဉ်များကို ကန့်သက်ခံရမည် ဖြစ်ပြီး လဲလှယ်မှု အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အီရန် နိုင်ငံ အပေါ် အရေးယူပိတ်ပင်မှုများကို ပယ်ဖျက်ပေးရမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင် အဖွဲ့အစည်း ၏ အီရန် နိုင်ငံ မှ အီရန် နျူကလီးယား ပြသနာ ဘက်စုံ သဘောတူညီမှု ကိုလိုက်နာကြောင်း အတည်ပြုပြီးနောက်တွင် အမေရိကန် သမ္မတ အိုဘားမား မှ ယခုနှစ် ဇန်နဝါရီလ တွင် သဘောတူညီမှု အရ အီရန် နိုင်ငံ အပေါ် သက်ဆိုင်ရာ စီးပွားရေး ပိတ်ပင်အရေးယူမှု များကို ပယ်ဖျက်စေသည့် အမိန့်စာကို လက်မှတ်ရေးထိုး ထုတ်ပြန်ဆောင်ရွက်စေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.