Connect with us

Africa & Middle East

ဇူလိုင်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အီရတ် နိုင်ငံပြည်သူလူထု ပေါင်း ၂၃၉ ဦး သေဆုံး ခဲ့ရဟု ကုလသမဂ္ဂ ထုတ်ပြန်

အီရတ် နိုင်ငံ ပြည်သူလူထု တို့အား မိုဆူးလ် မြို့၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ က သြဂုတ်လ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယခုနှစ်ဇူလိုင်လ အတွင်း အီရတ် နိုင်ငံ ပြည်သူလူထုပေါင်း ၂၃၉ ဦး သည် အကြမ်းဖက် တိုက်ခိုက်မှုများ နှင့် လက်နက်ကိုင်ပဋိပက္ခ တို့ကြောင့် သေဆုံးခဲ့ရပြီး လူပေါင်း ၂၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် အီရတ် နိုင်ငံ ပြည်သူလူထု တို့သည် အီရတ် နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ် တွင် အဓိက သေဆုံး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း ၊ အစိုးရတပ်ဖွဲ နှင့် IS လက်နက်ကိုင်တပ်ဖွဲ့ အကြားဖြစ်ပွား ခဲ့သည့် မိုဆူးလ် တိုက်ပွဲ တွင် အရပ်သား ၁၂၁ ဦး သေဆုံး ခဲ့ပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင် ခဲ့သည်။

ကုလသမဂ္ဂ အီရတ်အရေး အထူးကိုယ်စားလှယ် က IS အစွန်းရောက်အဖွဲ့အစည်း ၏ အကြမ်းဖက်တိုက်ခိုက်မှု များသည် အီရတ် နိုင်ငံပြည်သူလူထု ကို ကြီးမားသည့် ဘေးဒုက္ခ ဖြစ်ပွား စေခဲ့ကြောင်း ၊ အီရန် နိုင်ငံ အစိုးရ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် စစ်ဆင်ရေး များတွင် ပြည်သူလူထု ကို ကာကွယ်သည့် ဆောင်ရွက်မှု များကို ဆက်လက် လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ဇူလိုင်လ ၁၀ ရက်နေ့ ၌ မိုဆူးလ် မြို့ ကို အစိုးရ တပ်ဖွဲ့မှ ဘက်စုံ ပြန်လည် သိမ်းပိုက် နိုင်ခဲ့သော်လည်း အီရတ် နိုင်ငံ မြောက်ပိုင်း ပြည်နယ်များနှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ဒေသများတွင် IS အစွန်းရောက် အဖွဲ့အစည်း ထိန်းချုပ်ထားသည့် မြို့များ ကျန်ရှိနေသေးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.