Africa & Middle East
တရုတ် ဒုတိယ ဝန်ကြီးချုပ်၏ နမီးဘီးယား ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည်ဟု သံအမတ်ကြီး ပြောကြား
ဝင်းဒို့ခ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ၏ နမီးဘီးယားနိုင်ငံ ခရီးစဉ်အတွင်း အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။
ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိသည် သြဂုတ်လ ၂၆ ရက်မှ ၂၉ ရက်အထိ နမီးဘီးယား ခရီစဉ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနှင့် ယဉ်ကျေးမှု စသည်တို့နှင့် ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံ အမြင်ချင်း ဖလှယ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝင်းဒို့ခ်မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တရုတ် သံအမတ်ကြီး ကျန်းယီမင်းက ပြောသည်။
“နမီးဘီးယား သမ္မတ Hage Geingob နှင့် တွေ့ဆုံတဲ့ အစည်းအဝေးအပြင် Husab ယူရေနီယံမိုင်း Walvis Bay ကွန်တိန်နာ ဆိပ်ကမ်း၊ Space Tracking ၊ Telemetry နဲ့ Command Station ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် စီမံကိန်းတွေကိုလဲ သွားပြီး လေ့လာဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဒုတိယ ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း လေဆိပ်သစ် လမ်း စီမံကိန်းအတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ခြင်း သဘောတူညီမှု၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကျေးလက်ဒေသ ကျောင်း လေးကျောင်း စီမံကိန်း လေ့လာရေး စာချွန်လွှာ ဖလှယ်ရေး စသည့် နားလည်မှု စာချွန်လွှာများ သဘောတူ လက်မှတ်ရေးထိုးခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးရန် ရှိကြောင်း သိရသည်။
“ဒီခရီးစဉ်က ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနဲ့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုအားလုံး အဆင့်မြှင့်တင်သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့သည်။ (Xinhua)